Part(21)Zawgyi

5.4K 89 0
                                    

နောက်တစ်နေ့ မိုးသောက်..အိပ်ယာမှ နောက်ကျပြီးနိုးလေ့ရှိတဲ့ ချော ထုံးစံအတိုင်း နောက်ကျမှသာ ထတော့သည်။
နိုးသော အချိန် ကိုကြည့်လိုက်တော့ (၇)နာရီခွဲဖြစ်နေပြီး
ဘေးကုတင်ကို အလျင်အမြန်ကြည့်စဉ် သူမ သိပ်ချစ်ရသော ဦး မရှိချေ။ ချောနိုးတဲ့အချိန်နဲ့ကိုကွက်တိ ချောဖုန်းထဲ စာတစ်စောင် ဦးဆီက ဝင်လာတော့သည်။

"ချောရေ ချောစာကျက်တဲ့ စာပွဲပေါ်မှာ ပေါင်မုန့်ထောပတ်သုတ်လေးနဲ့ နို့အေးတစ်ခွက် တင်ပေးထားတယ်
ချောစားလိုက်ဦးနော်..ဦးမောင်ကဒီမနက်ဆေးခန်းမှာ
လူနာရှိလို့ ချောတောင်မနိုးလိုက်ရဘဲ ထသွားလိုက်တာ
ဒါပေမဲ့ စိတ်ချပါ ကလေးရေ..မင်းနှဖူးလေးကိုတော့
ဦး နမ်းခဲ့တယ်... ကျူရှင်သွားသတိထားသွားဦး
နေလယ်ကျ ဖုန်းဆက်လိုက်မယ်...ချောရဲ့ကလေးလေးဦး"
ဦးမောင်ရဲ့ ချစ်သံဝန်လွှာကို ဖိတ်ပြီး ချောတစ်ယောက်
ပြုံးကာ... ရေမိုးချိုးပြီးဦးမောင်ပြင်ပေးခဲ့တဲ့ မနက်စာကို
ဓာတ်ပုံရိုက်ပြီး Facebook ပေါ်သို့ ခေတ်လူငယ် အကျင့်
တိုင်း တင်လိုက်သည်။ ခဏအကြာ ကြီးကြီးအေးပြန်ရောက်လာတော့သည်။
"သမီးရေ "
"ရှင်ကြီးကြီးအေး.. ပြန်ရောက်ပြီးလား"
"အေး သမီး ထိုင်ဦး ကြီးအေးပြောစရာရှိလို့"
"ဟုတ်ကြီးအေး ဘာများလဲ"
"ရော့ သမီး"
ကြီးအေးက ချောက စာအိတ်တစ်အိတ်ထုတ်ပေးလိုက်သည်။
"ကြီးအေး ဒါက ဘာလဲဟင်"
"သမီး သိပ်တက်ချင်နေတဲ့ ကျောင်း ဝင်ခွင့်ပဲ"
"သမီး တက်ချင်တဲ့ကျောင်းဟူတ်လား ကြီး"
"ဟုတ်တယ် သမီး..."
" ဒါဆို ဒါ PIM(payapiwat institute of management) ကလား"
"ဟူတ်တယ် လေ သမီး"
"ဒါ ဒါ သမီး ဖြင့်ဆယ်တန်းမအောင်သေးဘဲ ဒါ က ဘယ်လိုဝင်ခွင့်ရတာလည်း"
"သမီး အမေက သမီးပေါ် စိတ်မကောင်းလို့ပေးတာနေမယ် အော် ပြီးတော့ ညနေ သူ အိမ်လာလိမ့်မယ်"
"မဟူတ်သေးဘူး ကြီးအေး...ဟိုးအရင်ကတက်ချင်လွန်းလို့ သေရပါတော့မယ် အချိန် တုန်းက ဒါမရခဲ့တာ
သူလုပ်ပေးနိုင်တဲ့ ပါဝါရှိရဲ့နဲ့ အခုမှ ထလုပ်ပေးတာ
ဘာလဲ..ဟိုတစ်ခါလို သူကို သမီး ဝင်ရှုပ်မှာဆိုးလို့တဲ့လား"
"မဟူတ်လောက်ပါဘူး သမီးရယ် သူတကယ်စေတနာနေမှာပါ"
"အခုချိန်ရောက်မှတော့ မသွားချင်ဘူး ကြီးအေး "
"ဘာလို့လည်း သမီးရယ် သမီး အရမ်းတက်ချင်တဲ့ကျောင်းလေ"
"မသိတော့ဘူး ကြီးအေးရာ သမီးကျူရှင်သွားတော့မယ်"
"အေးအေး စက်ဘီးကောင်းကောင်းနင်းဥိး"

ချော က ကျူရှင် ရှေ့က မုန့်ဆိုင်လေးတွင်ထိုင်ကာ စဉ်းစားနေတော့သည်။ ထိုချိန် လဲ့လဲ့နှင့် ဒါလီကလည်း
ချောရဲ့ ဖုန်းဆက်ခေါ်မှုကြောင့်ရောက်လာတော့သည်။

သမီးရဲ့ဦး(Completed)Where stories live. Discover now