"dim sum ကြိုက်တယ်မလား သမီး စားနော်" အန်တီအေးက ရုတ်တရက် ငြိမ်သွားသော ချောအား ပြောလိုက်တော့သည်။
"ဟုတ်" ငြိမ်ဆေး ကျွေးထားသကဲ့သို့ ငြိမ်နေသော ချော တစ်ယောက် လည်း အရိပ်အကဲ ကြည့်နေတော့သည်။
ဦးခင်မောင်ညွန့်တစ်ယောက်လည်း သူမဟုတ်သကဲ့သို မုန့်ချည်းသာ စားနေတော့သည်။ ပွဲငြိမ်နေသောကြောင့် ကေသီမှ
"ကိုကြီး ဒါ ကိုကြီး သိသွားတဲ့ကလေးမလေ မြင်ဖူးတယ်မလား" ကေသီ စကားကြောင့် ကျန် ၃ယောက်လုံး သူမ ကို ကြည့်လိုက်တော့သည်။ ထိုနောက် ဦးခင်မောင်သည် ဘေးမှ ရေနွေးခွက်ကို ကုန်အောင်သောက်လိုက်ကာ
"အင်း သိတာပေါ့"
အကြောင်းစုံ မသိသေးသော အန်တီအေးက
"ဟယ် ဘယ်လို မြင်ဖူးကြတာတုန်း"
ဦးခင်မောင်ညွန့်က ချောအား ပြုံး၍ ကြည့်ကာ
"သမီီး...အခုချိန်က စပြီးကိုယ်အဖေ လို လိုတာရှိ ပူစာနော် ကလေး"
ချောကလည်း မျက်နှာထားတည်တည်ဖြင့်
"ကျေးဇူးများကြီးတင်ပါတယ် လိုတာတော့မရှိပါဘူး"
အန်တီ အေးမှ ချောအား လက်တို့ကာ တိုးတိုးဖြင့်
"သမီးကောင်းကောင်းပြောလေ..."
"ရပါတယ်...ညီမ သူအဆင်ပြေသ လိုပြောပါစေ..နောင် တစ်ဖြေးဖြေး ရင်းနှီး မှု ရအောင် အစ်ကို ကြိုးစားသွားမှာပါ"
"ကိုကြီးရယ်" ဟု ပြောကာ ကေသီက ဦးခင်မောင်လက်ကလေးကို ကိုင်လိုက်တော့သည်။
"ညီမ တို့ အခုနေနေတဲ့ အိမ်က ကော် အဆင်ပြေလား မပြေရင် အကိုတို့ လာနေလေ"
"အဆင်ပြေပါတယ် အကို....ကျွန်မ အိမ်ပိုင်လေးလည်းဖြစ်နေတော့လေ"
"တစ်ခုခု လိုအပ်ရင် အကို့ကို အချိန်မရွေး ပြောကြနော်"
"ဟုတ်ကဲ့ပါ"
"သမီး ချောက အခု ဘာတွေ တက်နေလဲ"
ကေသီမှ
"ဆယ်တန်းဖြေခိုင်းထားတာ အခုတော့ ဘန်ကောက်က ကျောင်းမှာ လာမဲ့ လသွားတက်ရမယ်သူ"