"အား"
ချောရဲ့ အော်သံ ကြောင့် ဦးမောင်နှင့် အန်တီအေးတို့လည်း လန့်၍ အိမ်ထဲ ပြေးဝင်လာကြတော့သည်။
"ဘာဖြစ်တာလဲသမီး"
အန်တီအေးနှင့် ဦးမောင်လည်း ချောကို မြင်လိုက်ရသော အခါ ချောမှာ ထိုထိုင်ခုံလေးတွင် ထိုင်လျှက်သားလေး ဖြစ်နေကာ သူမ ပေါင်ပေါ်တွင် အိမ်မြှောင် ပြုတ်ကျနေတော့သည်။
"ဖယ်ပေးပါဦး၊ အား မြန်မြန်လုပ် အသက် ထွက်တော့မယ် ဒီမှာ....ဦးဘာရပ်လုပ်နေတာလဲ မြန်မြန် ဖယ်ပေးပါဆို"
အုံအုံသောင်းသောင်းဖြစ်နေသည့်အတွက် အန်တီအေးလည်း ချောတစ်ယောက် ဦးမောင်ကို "ဦး" ဟု ခေါ်လိုက်သည်ကို သတိမထားမိချေ။သို့သော် ဦးမောင် မှာတော့ ထိုသို့ချောခေါ်လိုက်သည်ကို ကောင်းစွာ သတိမူမိသွားတော့သည်။ဦးမောင်လည်း ချော အရမ်းကြောက်နေတဲ့ အကောင်ဖြစ်နေသောအတွက် အလျှင်အမြန် ဖယ်ပေးလိုက်တော့သည်။
"အမလေးခင်ဖြူချောတင်ရယ် ညည်း နဲ့ကြာရင် ငါ အသက်ထွက်မှာပဲ ဟူး"
ဦးမောင်လည်း ချောကို အတော်အတန်အကြာ မည်သည့် စကားမှ မပြောဘဲ ကြည့်နေမိတော့သည်။ဦးမောင် ကြည့်နေသည့် အကြောင်းအရင်းကို ကြောက်စိတ်ဖုံးလွှမ်းမှု နှင့် အမှတ်မထင် "ဦး" ဟု ခေါ်လိုက်မိသော ချောလည်း မသိချေ။ တစ်ခဏအကြာ
"ချော....." ဦးမောင်လည်း မရဲတရဲ ချော ကို ခေါ်လိုက်တော့သည်။
ချောလည်း ဦးမောင်ကို ကြည့်ကာ
"မသွားသေးဘူးလား ဦးလေးကြီး....ဦးလေးကြီးမှာ အလုပ်မရှိတာလား"
ချောပြောပုံလေးကို သဘောကျစွာနှင့် ဦးမောင် အနည်းငယ် ရယ်မိကာ
"အလုပ်ရှိပါတယ်ခင်ဗျာ၊ ကျွန်တော် သွားလိုက်ပါ့ဦးမယ် "
"ဟိုလေ...ဒါနဲ့ မနေ့က ရုတ်တရက် ကြားလိုက်တာ ပစ္စည်းတစ်ခုခု ပျောက်နေတယ် ထင်တယ်"
"ဟုတ်တယ် ဆေးခန်း အတွက် တိုက်ခန်းဝယ်တုန်းကစာချုပ်"
"အဲဒါမျိုးတွေကို ဦးလေးကြီး ရဲ့ အိပ်ယာဘေးက အံ့ဆွဲ တွေ ဘာတွေ မှာ ထားတတ်နေရင်းကော်"