"လှလိုက်တာ ...."
ထိုစကားကို ရေရွတ်မိသူမှာအခြားမဟုတ် အန်တီအေးပင်ဖြစ်သည်။မင်္ဂလာဝတ်စုံကိုမှ မြန်မာဆန်ဆန် ထိုင်မသိမ်းလေး ရွေးထားသော ချော တစ်ယောက် လှချင်တိုင်းကို လှကာ ယဉ် နေတော့သည်။
"လှလိုက်တာ သမီးရယ်.."
ချော အသက် (၂၆)နှစ် ပြည့်တဲ့နေ့ မှာ ဦးမောင် နှင့် နှစ်ဦးသဘောတူလက်ထပ်ထိမ်းမြားခဲ့ကြသည်။ မင်္ဂလာဝတ်စုံ စမ်းဝတ်နေသော ချောလည်း မပင်ပန်းနိုင် ပျော်နေရှာသည်။
"ကြီးကြီး...ဘာလေးနဲ့ သမီး ပိုလိုက်လဲ ဟင် မရွေးတတ်တော့ဘူး ကြိုက်တာတွေများပြီး"
"ကြီးကြီးလည်း မပြောတတ်တော့ဘူး သမီးက အကုန်လုံးနဲ့လှနေတော့"
ချောရွေးထားတဲ့အရောင်လေးက ပန်းနုရောင်လေးပင်ဖြစ်သည်။
"လှတယ် သမီး ဒါတောင် မိတ်ကပ်မပြင်ရသေးလို့နော်.."
"အဆင်ပြေပါမလား ကြီးရဲ့.."
"လှတယ် လှတယ် perfect ပဲ သမီး"
ထိုချိန် အအေးဗူးလေးများနှင့် ဝင်လာသူမှာ ဦးမောင်ပင်ဖြစ်သည်။ချောလည်း ဦးမောင်ကို မြင်လိုက်သည်နှင့်အမျှ ရှက်သွားေတာ့သည်။
" ဦး...." ဟု နှုတ်ဆက်လိုက်ပြီး ရှက်သွေးဖြာနေတော့သည်။ ဦးမောင်လည်း ချောအား ကြည့်ပြီး
"So beautiful.." ဟု ပြောလိုက်တော့သည်။ထိုစကားကြောင့် ချောအပါအဝင် အနားရှိသူများ ရှက်ပြုံးပြုံးသွားကြသည်။
"အရမ်းလှတယ် မီးရယ်...တကယ်ပါ ..." ဟုဆိုရင်း ချောနားကို လျှောက်လာတော့သည်။ချောလည်း ရှက်နေသောကြောင့် ပြုံးရုံမှမပါ မပြောနိုင်တော့ပေ။
"တကယ်လှတာ" ပြောမပြီးတော့သော ဦးမောင်ကြောင့် အန်တီအေး ဘဝင်သိပ်မကျတော့ပေ။
"မပြီးတော့ဘူး လှတာ သိတယ် ငါ့တူမပဲ လှမှာပေါ့" ဟုပြောရင်း သဘောကျလိုက်ရယ်နေတော့သည်။ထိုနောက် ချောလည်း ဦးမောင်အပေါ် မေးခွန်းတွေ စထုတ်တော့သည်။
"ဦး ဘယ်လိုလဲဟင်"
"လှတယ် တကယ်ကို ပန်းချီဆရာ ကဗျာဆရာတွေ လိုက်ယှဉ်ပြီး ပြောမရ ချယ်မရတဲ့ အလှနဲ့ကို လှတာ"
ထိုစကားကြောင့် ချောမှာ ရှက်ရမ်းလေးပြုံးကာ