"ဦး ဘယ်သွားမလို့လဲ ဟင် သမီးတို့"
"ရောက်ရင် သိမှာပေါ့ အချစ်ရယ်"
"ပြီးရော...ဒါနဲ့ ဒီနေ့ သိပ် ခမ်းနားနေပါလား..." ဦးမောင် လက်မောင်းလေးအား ထိလိုက်ကာ ပြောလိုက်တော့သည်။
"ဟင် ချစ်ကလဲ ဦးက အမြဲ ခန့်ညားထည်ဝါ နေတာကို"
"သမီး ပြောတာ ခမ်းနားတယ်ပြောတာနော်..ဟွန်း.ခန့်ညားတာ မပါသလိုပဲနော် ဟွန့်"
"ဟဟ ဟုတ်ပါပြီး အချစ်ဆုံးလေးရယ်"
ထိုနောက် ဦးမောင် သည် ကားကို ရပ်လိုက်ကာ ချောဘက်ရှိ တံခါးကို ကိုယ်တိုင် သွားဖွင့်ပေးတော့သည်။
"ကဲ...မိဖုရားခေါင်ကြီး ဆင်းလို့ရပါပြီး ခင်ဗျာ"
ချောသည် ချက်ချင်းဆိုသလို ဦးမောင်ကို နှုတ်ခမ်းကိုစူပုတ်ကာ
"မိဖုရားခေါင်ကြီးဆိုတော့ကာ အနောက်မှာမိဖုရား တွေက ရှိသေးတယ်ပေါ့"
"အော် ရှိရင် ရှိလာမှာပေါ့"
"ဦးကိုကိုမောင် နော်" ဟု ဆိုကာ ဦးမောင် ဗိုက်ကို ဖွဖွလေး လိမ်ဆွဲ လိုက်တော့သည်။
"စတာပါ ချစ်ရယ်..လာလာ..."ဟု ဆိုကာ လက်ကို ကိုင်ပြီး ခေါ်သွားတော့သည်။ထိုနေရာသည် အခြားနေရာ မဟုတ် ဦးမောင် အသစ်ဖွင့်မည့် ဆေးခန်း အသစ်နေရာပင်ဖြစ်သည်။
"wow"ဟု ချောလည်း ဟန်မဆောင်နိုင်ဘဲ နှုတ်မှ ထွက်သွားတော့သည်။ အကြောင်းမှာ ချောထင်ထားသည်ထပ် ပို၍ အဆင်ပြေကာ..ကလေး များအတွက်ပါ အဆင်ပြေအောင် ကလေးကစားစရာ အခန်းပါ ရှိနေသောကြောင့် ဖြစ်သည်။
"ချစ် ဘယ်လိုလည်း သဘောကျရဲ့လား"
"ဦးကလည်း သမီး သဘောကျတာ မကျတာထပ် ဦး အဆင်ပြေဖို့ပဲ လိုတာလေ....သမီး first impression အနေနဲ့ဆိုရင် တော့ လုံးဝ ကို perfect နော် ဦး....ဒီ ကလေး ကစားစရာတွေ နဲ့ပြည့်နေတဲ့အခန်းက ဘာကြီး လဲ?"
ဦးမောင်သည်လည်း ချော ပုခုံးကို ဖက်လိုက်ကာ
"ဒါက လူနာ မှာ ကလေး ပါလာတာပဲဖြစ်ဖြစ်....လူနာသည် ကလေးပဲ ဖြစ်ဖြစ် အဆင်ပြေအောင်လေ"
"အော်...တော်တော် ကျယ်တာပဲနော် နေရာကလဲ..."
"နောက်ဖက်မှာလည်း အခန်းတွေ ရှိသေးတယ်....တစ်ဖြေးဖြေး ဦး လိုချင် ဖြစ်ချင်တဲ့ ပုံစံကို ရအောင်ဖန်တီး ရမှာပေါ့ အချစ်ရာ သိတယ်မလား"