" I know ...ကျွန်မသိတယ် ..ဒါပေမဲ့ ကျွန်မ ရှင်လုပ်ပုံတွေကို မကျေနပ်လာရင်တော့ ရှင်ကိုလည်း go to the jail ပဲနော်"
"ငါက ဘယ်အခန်းဘယ်အပိုင်းမှာ ပါဝင်ပေးရမှာလဲ"
"ရှင်းတယ်လေ...ရှင် သမီးဆီက အဲလူကို ကျွန်မ လိုချင်တယ် ...ဒါပေမဲ့ အလွယ်တကူ ကျွန်မ မလိုချင်ဘူး ..ကျွန်မကို လာပြီး ရန်စွခဲ့တဲ့ ရှင့်သမီး မျက်ရည် မျက်ခွက်နဲ့ပြီးမှ လိုချင်တာ.."ထိုစကားကြောင့် ကေသီလည်း သူမကို အရမ်းအံ့ဩသွားတော့သည်။
"မျက်ရည် မျက်ခွက် ဟုတ်လား.."
"ဘာလဲ ရှင် သမီး မှမဟုတ်တာ.."
"ငါ့သမီး မဟုတ်လည်း နင် သူအရွယ်လို ကလေးတစ်ယောက်ကို အဲလောက် နင် ရက်စက်ဖို့ လိုလို့လား..နင်မှာ
သူထပ် ပိုသာတဲ့ဟာတွေအများကြီး ..နင် ဒါကိုတောင် သူဆီက အဲကောင်ကို မယူနိုင်ဘူးလား"အနာကိုဆားဖြူးသလိုဖြစ်သွားခဲ့သော ဆုကဗျာလည်း စိတ်တိုသွားကာ အော်လိုက်သည်။
"ရှင် ပါးစပ်ပေါက်ပိတ်...ရှင် ကူညီမှာလား မကူညီဘူးလား"
"ငါ့ကူညီပ့ါမယ် ..ဒါပေမဲ့ နင်အဲလောက်ကြီးထိ လုပ်စရာလိုလို့လား ..ငါ ရနိုင်အောင်အကြံပေးဆိုလို့ပေးမှာပါ"
"ရှင်မလုပ်ပေးနိုင်ဘူးလား" ဟုဆိုကာ အနားသို့ ကပ်လိုက်တော့သည်။
"နင်ကို လုပ်ပေးရင် ငါအတွက် အကျိုးရလဒ်ကကော်..."
"ရှင်းတယ်လေ..ကျွန်မသိထားတဲ့ ရှင့်ပြစ်မှုတွေကို ဖုံးပေးမယ်..ပြီး...ကျွန်မ ပိုင်တဲ့ ဖေဖေ့ဆေးရုံ ထဲက ရှယ်ယာတွေ တစ်ဝက်ပေးမယ်..ဘယ်လိုလဲ"
"နည်းတာပေါ့ သမီးရယ်..သမီးဖေဖေ ပိုင်သမျှ ဟာတွေကို မမ လည်း ပိုင်တော့ သမီး အခု ပေးမဲ ့ဟာက မမ ပိုင်ဆိုင်တဲ့ ဟာထက်တောင် နည်းသေးတယ်.."
ကေသီသည် ဆုကဗျာထက် အတွက်အချက် ပိုပိုင်နိုင်နေသည်။
"အဲတော့ ရှင်တောင်းဆိုတာက ဘာလဲ.."
"ရှင်းပါတယ် ညီမလေးရယ်...မမ နဲ့ မင်းဖေဖေ နဲ့ကြား ဝင်မပါဖို့ဘဲ."
"ကောင်းပီလေ...ဒါပေမဲ့ ရှင် အခုလုပ်ကိုင်ရမဲ့ ကိစ္စတည်းမှာ အချိန်တော့ ရှိတယ်နော်"