ကေသီသည် ဦးခင်မောင်နှင့် စညားစဥ်ကတည်းက အနုအရွ များ မရခဲ့ချေ။ထို့ကြောင့် ဆုကဗျာ၏ အနုအရွများအောက်တွင် ပိတ်မိနေသော ကြောင်ကလေးသဖွယ် ဖြစ်နေတော့သည်။အနမ်းများပေးပြီးနောက် ဆုကဗျာမှာ ကေသီ နှုတ်ခမ်းအား လက်ကလေးဖြင့် ပွတ်လိုက်ကာ
"ရှင် မှာနောက်ထပ် တာဝန်တစ်ခုထပ် ရှိသွားပြီး..အခုချိန်က စပြီး လိုရင် လိုသလို ကျွန်မ ရဲ့ အသုံးတော် ခံလုပ်ပေးရမယ် ရှင်မှာ ငြင်းပိုင်ခွင့် မရှိဘူး.ငြင်းမယ်လို့လည်း မထင်ဘူး"
"ဆုကဗျာ...နင်က ဘာလဲ ဟင်"
ဆုကဗျာသည် ချက်ချင်းဆိုသလို ကေသီ၏ နားနား ကပ်လိုက်သည်။
"bi"
တစ်ခါမှ မကြားဖူးသည့် ကေသီ မှာ ရူးကြောင်ကြောင်ဖြစ်နေတော့သည်။
"ဖေဖေ ဆီ ဒီကိစ္စ ပြန်ပြောမယ် မကြံနဲ့....ပြန်ပြောတာနဲ့ ရှင် ကိစ္စတွေကို အင်တာနက် ပေါ်တင် ပြီး တရားခွင် တင်ပစ်မယ်..ပြီးတော့ အခုချိန်က စပြီး ရှင်က ဖေဖေ နဲ့ အတူ ဆက်ဆံတာလည်း လျော့ရမယ်..ဒီနေ့ ညနက်နေပြီးမို့ ကျွန်မ ပြန်မယ် နောက်နေ့ လိုရင် လိုသလို ရှင့်ကို ခေါ်ရင် ခေါ် မခေါ်ရင် ဖေဖေ့ မရှိတဲ့ အချိန် လာခဲ့မယ်" ဟု ပြောပြီး ပြန်ထွက်သွားတော့သည်။ကေသီလည်း ဘာဆို ဘာမှ မတွေးနိုင်တော့အောင် ဆုကဗျာရဲ့ အနမ်းများကြောင့် တွေးဝေနေတော့သည်။ဘာဖြစ်လို့မှန်းမသိအောင်ကို ကေသီ တစ်ယောက် ဆုကဗျာပေါ် စိတ်ပျော်ဝင်မိနေတော့သည်။
တစ်ဖက် ခရီးထွက်လာကြသော ဦးမောင်နှင့် ချောတို့လည်း မြင်းစီးကွင်းမှ ပြန်လာပြီး နှစ်ယောက်သား ရေကန်ထဲတွင် ရေဆော့ရန်ပြင်ဆင်နေတော့သည်။ ဦးဇော်နှင့် အန်တီ အေးမှာ မှု ရေကန် အနားရှိ ထိုင်ခုံလေးတွင် ဝိုင်လေးသောက်လိုက် အမြည်းလေး စားလိုက်လုပ်ရင်း သူတို့ ခရီး စဥ်လေးကို ပျော်မွေ့နေကြတော့သည်။ဦးမောင်မှာ ရေကူးကန်ဘေး အရင် ရောက်လာကာ ဦးဇော်တို့ စားနေသော အမြည်းကို အရင် နိုက်စားလိုက်တော့သည်။
"မင်းတို့ ရေဆော့တဲ့အချိန်က လည်း ..နာရီလည်း ကြည့်ကြဦး ဖျားကြဦးမယ်" ဟု ဆိုကာ ဦးဇော်လည်း သူ စိတ်ပူနေကြောင်း သိအောင်ပြောပြလိုက်တော့သည်။