"ကျွန်တော်ဆီက ယူပါ"
တစ်ခါမှ မတွေ့ဖူးသော သူစိမ်းတစ်ယောက်ဆီ မှ ကြားလိုက်ရသောကြောင့် တစ်ဖက်သူလည်း အံ့သြသွားတော့သည်။
"ကူညီပေးတာ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော် လက်ခံဖို့ကျတော့ ကျွန်တော် အဆင်မပြေလိုပါ" ဟုပြောပြီး ငြင်းကာ ဆိုင် အပြင်ပြန်ထွက်သွားတော့သည်။ ဦးမောင်လည်း တစ်ဖက်က အရမ်းကြီး ငြင်းနေသော်ကြောင့် ထားလိုက်တော့သည်။ဆိုင်ရှင်လည်း တစ်ဖက်သူ ထွက်သွားတော့မှဆိုင်ပိုင်ရှင်၏ သမီး ဖြစ်သူ အကူညီနှင့်ကဒ် ကို ရသွားသောကြောင့် အလျှင်မြန် ထွက်ခေါ်လိုက်တော့သည်။
"ညီ ရေ ကျွန်တော် တို့ ကဒ် နဲ့လည်း ရှင်းပေးပါ့မယ်ဗျ ....လုပ်တက်တဲ့ သမီး ရောက်လာလို့"
ထိုအချိန်ကျကာမှ ထိုသူလည်း ဆိုင်ရှင်အား ကျေးဇူးတင်စွာကြည့်ကာ
"ကျေးဇူးတင်လိုက်တာဗျာ တကယ်ပါ"
ထိုနောက် ဆိုင်ထဲသို့ ဆိုင်ပိုင်ရှင်နှင့် အတူ ထိုသူပါ ဝင်လာတော့သည်။ထိုနောက် ပိုက်ဆံရှင်းအပြီး အခြားပန်းစ ည်းများအား ရွေးနေသော ဦးမောင်ကို ကြည့်လိုက်ပြီး ဦးမောင်ရှိရာသို့ လျှောက်လာတော့သည်။
"ညီ ကို ကျေးဇူးတင်ပါတယ်"
ဦးမောင်လည်း ထိုသူစကားကြောင့် ပြုံးမိသွားတော့သည်။
"ရပါတယ် ခင်ဗျ ကျွန်တော် က အစ်ကိုကြီး အခက်အခဲ ဖြစ်နေတယ်ထင်လို့ပါ"
"အစ်ကိုကြီး နာမည်က ကိုနေလတ် ပါ "
"ကျွန်တော် နာမည်က ကိုကိုမောင်ပါ "
"ဒါနဲ့ ငါ့ညီ ကို အစ်ကို ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ"
"ဟုတ်လား ကျွန်တော်က. တော့ သိပ် သတိမထားလိုက်မိဘူးခင်ဗျာ တောင်းပန်ပါတယ်"
"ရပါတယ် ခင်ဗျာ..ဒါဆို အစ်ကိုကို့ သွားခွင့်ပြုပါဦး"
"ဟုတ်ကဲ့ ပါခင်ဗျာ"
ဦးမောင်လည်း ပန်းစည်းများကိုသာ ဆက်လက်ပြီး ရွေးနေတော့သည်။ ထိုနောက် ချော ကြိုက် လောက်မည့် ပန်းကိုလည်း တွေ့သော အခါ ချော ရှိရာနေရာသို့ ပြန်လာတော့သည်။ချောဆီသို့ ပြန်ရောက်သော အခါ