"ကယ်ကြပါဦးရှင််.ကယ်ကြပါဦး" လို့အော်နေသူမှာ အခြားမဟုတ် ချောပင်ဖြစ်သည်။ လှေကားဒေါင့်လေးမှာ ခွေခွေလေး လှဲကျနေပြီး ပေါင်ကြားထဲမှလည်း သွေးတွေ ကျဆင်းနေကာ သူမ အင်မတန် နေကျင် နေတော့သည်။
"အရမ်းနာနေပြီး...ကယ်ကြပါဦးရှင် ဘယ်သူမှာ မရှိကြဘူးလား"
သူမ အော်သံတွေ သည် တစ်တိုက်လုံး ညံ့နေတော့သည်။
"ဘယ်သူမှ မရှိကြဘူးလား..ကယ်ကြပါဦး" လို့ အော်ရင်း သွေးများသာ အရမ်း ဆင်းလာတော့သည်။ထိုအချိန် ချောနားကို အမည်မသိ သူတစ်ယောက် မွေးကင်းစ အရွယ်ကလေးလေးကို ချီလာကာ မီးခြစ်နှင့် ြခစ် ကာ မီးရို့ ပြနေတော့သည်။ချော၏ နာကျင်မှုမှာ နှစ်ဆ ဖြစ်နေတော့သည်။
"ရှင် ဘာလုပ်တာလဲ ကလေးတစ်ယောက်ကို..ရက်စက်လိုက်တာ ..ကယ်ကြပါဦး"
ကလေးရဲ့ ငိုသံမှာလည်း ဆူညံံလာတော့သည်။ချောလည်းထိုကလေးကို ကြည့်ကာ ဝမ်းနည်းမှုနှင့်အတူ ထိုကလေးရဲ့ နာကျင်မှုများပါ ခံစားနေရတော့သည်။ထို့ကြောင့် နှုတ်မှလည်း
"မလုပ်ပါနဲ့ရှင် ကလေးကို မလုပ်ပါနဲ့ ရှင်"
ဟု ပြောကာ လန့်နိုးလာတော့သည်။ချောလည်း အိပ်မက်မကောင်းသည့်အတွက် နိုးလာကတည်းက မျက်စိ မျက်နှာ ပျက်နေတော့သည်။
"ဟဲ့ သမီး မျက်နှာလည်းမကောင်းဘူး ဘာဖြစ်နေတာလဲ"
"ဒီလိုပါပဲ ကြီးကြီးရယ်...အိပ်မက် သိပ်မကောင်းလို့ အိပ်ရေးမဝ ဖြစ်ပြီး ကိုယ်လက်နာချင်နေတာ"
"အော်သမီရယ်..အိပ်မက်ပါ...အိပ်မက်ဆိုတာ တကယ်မရှိပါဘူး"
"သိပေမဲ့လည်း ရင်ထဲ အောင့်တဲ့အထိပဲ ကြီးကြီး"
"ဘာတွေမက်လို့ ရင်ထဲအောင့်တဲ့အထိ ဖြစ်ရတာလဲ သမီး"
"ကလေးတစ်ယောက်ကို ကြီးကြီရယ်..ကြည့်ရတာ ကလေးက မွေးကင်းစလေး.အဲအရွယ်လေးကို သမီး ရှေ့မှာ မီးလောင်တိုက်သွင်းသလို လုပ်နေတာ..ပြီး သမီး အဲကလေးကို ကူညီချင်ပေမဲ့ သမီး ကိုယ်တိုင်တောင် ဒဏ်ရာတွေနဲ့.."
တူမဖြစ်သူ အိပ်မက်ကြောင့် အဒေါ်ဖြစ်သူလည်း အံ့သြနေတော့သည်။