+⚠️⚠️⚠️များပါနိုင်သဖြင့် ငယ်ရွယ်သူများအတွက် မသင့်တော်ပါ
တစ်ဖက်တွင် ဦးမောင်ကတော့... ဆုကဗျာ အဖေ၏ ထမင်းဖိတ်ကျွေးမှုကြောင့် ထမင်းစားသွားတော့လေတော့သည်။ ဆုကဗျာ အိမ်ရောက်သော အခါ ဦးမောင်က
လက်ဆောင်အဖြစ် ဝယ်လာသော သစ်သီးခြင်းနှင့်အရက်တစ်ပုလင်းကို ဆုကဗျာရဲ့ ဗခင် ဖြစ်သူ ဒေါက်တာ
ဦးခင်မောင်ညွှန့်ကိုပေးလိုက်သည်။"ဆရာ ဆရာအတွက်"
"မင်းကလည်းကွာ ဒါတွေမလိုပါဘူးကွာ မင်းနဲ့လဲ မတွေ့တာကြာပြီး ပြီးတော့ မင်းညီမကလဲ မကြာခင် UKသွားတော့မှာဆိုတော့ လက်စုံစားချင်တာနဲ့ မင်းကို ခေါ်လိုက်တာ"
"ဟုတ်ဆရာ"
"မင်းကိုလည်း ပြောစရာလေးလဲရှိနေတာရယ်ကြောင့်လေ"
"ဘာများလဲဆရာ"
ထိုအချိန် မီးဖိုခန်းထဲက ဆုကဗျာ ထွက်လာကာ"ကယ် ဖေဖေ စားပြီးမှ ပြော..ထမင်းတွေအေးကုန်ဦးမယ်"
"အေးအေး"
"ကိုကြီး (ဦးမောင်၏ လက်မောင်းအား ချိတ်ကာ)ဗျာ ကိုယ်တိုင် ချက်ထားတာ စားနော်"
ဆုကဗျာ အဖေက ကြည့်ကာ
"ကယ် သမီး ဖေကြီးရှေ့မှာနော်"
ဦးမောင်က လက်ကို တွန်းချလိုက်သည်။ အဲနောက် ထမင်းစားပွဲတွင် ထမင်းစားကြတော့သည်။ ဆုကဗျာအဖေက
"မင်းက ငါ့သားလို ငါက သဘောထားတာ"
"ဟုတ်ဆရာ"
"ငါ သွယ်ဝိုက်မပြောတာလည်း မင်းသိပါတယ်"
"ဟုတ် ဆရာ"
"အဲတော့ သမီးငယ်မသွားခင် မင်းနဲ့ နေရာချထားပေးချင်တယ်"ဦးမောင်က စားလက်စ ဇွန်းအား ချကာ
"ဆရာ"
"အေး"
"ကျွန်တော် သူကို ကျွန်တော် ညီမလေးလိုပဲ သဘောထားထားတာ အဲတော့ ဆရာအခုပြောတဲ့ကိစ္စကို ရှေ့မျက်နှာ
နောက်ထားပြီးပဲ ငြင်းပါရစေ"ဆုကဗျာက မျက်နှာပျက်သွားကာ
"ကိုကြီး"
"မင်းကို ချက်ချင်းကြီးလဲ မပြောပါဘူး သူ လဲ နောက်(၅)နှစ်တောင်ကြာဦးမှာ ဟိုမှာ အဲတော့ မင်းစဉ်းစားချိန်ရပါတယ်..ဒါပေမဲ့ မောင်မောင် ငါ မင်းကို ငါနေရာကိုပေးဖို့ စိတ်ထဲရှိပြီးသား"