"ဟိတ်...."
တစ်ဖက်တွင် ဦးခင်မောင်နှင့် ချော ကိုမြင်နေသူ မှာ ကားပေါ်တွင် ထိုင်နေသော richardဖြစ်သည်။
"မြန်မာ ပြည် မှာ ဒီလိုတွေ ဖြစ်နေပြီးလား" မြင်ရတာ စိတ်မချမ်းသာဖြစ်နေသော richard သည် ကြည့်ရင်း စိတ်တွေ တိုလာတော့သည်။
"ဆရာ....နေပါ ကျွန်တော် သွားလိုက်မယ်"
"နေ ...ငါသွားမယ် ဟိုကောင် ကော်ဖီ ဝယ်ခိုင်းလိုက်တာကလည်း ....အဲကောင်ကြောင့် ဒီလို မြင်ကွင်းမျိုးတွေ ငါမြင်နေရတာ" ဟု ဆိုကာ လက်သီးလက်မောင်းတမ်း ၍ ကားပေါ်ကနေ ဆင်းသွားတော့သည်။
"ဟိတ်ဆို" ဟုဆိုကာ ချောခါးကို ဦးခင်မောင် စတင် ခါးချိန် richardသည်
"ဘာဖြစ်နေတာလဲ ကလေးမ" ချောလည်း ပျော်လည်း ပျော်သွားသလို ရှက်လည်း ရှက်နေတော
"ဟိုလေ..." ချောက စတင် စကားများထစ်နေတော့သည်။ ဦးခင်မောင်သည် ချောအား ပုခုံးဖက်ရန် ဟန်ပြင်လိုက်စဉ် richard သည် ဦးခင်မောင်ရဲ့ လက်ကို ဆွဲကိုင်ကာ
"ခင်ဗျားက သူနဲ့ ဘာတော်လို့လည်း။"
Richard အား တစ်ခါမှ မမြင်ဖူး တဲ့ ဦးခင်မောင်သည်လည်း စတင် ပြောတော့သည်။
"ကိုယ်က သူအဖေ ပဲ..."
ထိုစကားကြောင့် ချောတစ်ယောက် ဒေါသ မီး စတင် လောင်ကျွမ်းတော့သည်။
"ဘယ်လို....ရှင်က ကျွန်မ အဖေ မှ မဟုတ်တာ...ရှင့်အဆင့်နဲ့ မှန်းရဲတယ်နော်"
ချော၏ တုံပြန် မှုကြောင့် ဦးခင်မောင် စတင် ရှက်လဲ ရှက် ဒေါသလည်း ထွက်လာတော့သည်။ထိုကြောင့် ဒေါသ ကို ရှေ့တန်းတင်ကာ ချောကို စိတ်ဆိုးဆိုးနှင့် ထိုနေရာတွင် ပါးကို ရိုက် လိုက်တော့သည်။အားကောင်းမောင်းသံနှင့် ရိုက်လောက်သော ရိုက်ချက်ကြောင့် ချောလည်း ထိုင်လျက်လဲကျသွားတော့သည်။ richardလည်း ဒေါသထွက်ထွက်နှင့် ဦးခင်မောင်ကို သုံးချက်ဆက်တိုက် မရပ်မနားဘဲ ထိုးတော့သည်။ဦးခင်မောင်လည်း ထိချက်တော်တော် ပြင်းသွားသော်ကြောင့် ပြန်ထိုးရန် ဟန်အပြင် ဦးမောင်ကား ဝင်လာတာကို တွေ့သောကြောင့် အလျင်အမြန် ထွက်သွားတော့သည်။