နောက်တစ်နေ့ မနက် စနေ့ရောက်ရန် ၁ရက် အလို ချော အတွေး များပိုမို ကျပ်တည်းလာတော့သည်။
လုပ်သင့်မလုပ်သင့် တွေးရင်း ခေါင်းများ ခဲလာတော့သည်။ဦးမောင်သာ ပျော်မယ် ဆိုရင် ဟူသော
အတွေးက စိုးမိုးလိုက်၊ အကြောင်းမှန်တွေ သိလာတဲ့ တစ်နေ့ သူကို ပစ်သွားမလား ဟူသော အတွေး
ဝင် လာလိုက်နှင့် အတွေး များ များ နေတော့သည်။ စနေ့ရောက်ရန် နီးကပ်လာသည်နှင့်အမျှ ဦးခင်မ
မောင်လည်း ပိုမိုကာ ဦးမောင် အပေါ် ညစ်လာတော့သည်။
ဆေးရုံတွင်...
"တောက်" ကျယ်လောင်လှစွာသော ဦးခင်မောင်ရဲ့ တောက်ခေါက်သံကြောင့် သူနာပြုမလေးများနှင့်
ဝါနု သော ဆရာဝန်လေးများ စိုးရိမ်သွားကြတော့သည်။ ဦးမောင်နှင့် အတူ တာဝန် ထမ်းဆောင်နေ
သော ဆရာဝန် တစ်ဦးက ဦးမောင်အား ကပ်ကာ
"ဘာဖြစ်နေတာလဲ မသိဘူး သူ"
"မသိဘူး အခုတစ်လော သူစိတ်မကြည်သလိုပဲ" ဟု ဦးမောင်လည်း ဖြေ လိုက်သည်။
"တစ်နေ့ကလည်း ငါက ပွဲ တစ်ခု သူကိုဖိတ်ထားတာ သိလို့ မသွားဘူးလား မေးတာလဲ မတူသလို
မတန်သလိုကွာ ကြည့်ရတာ သူမိန်းမ အသစ်လေးနဲ့ အဆင်မပြေဘူး ထင်တယ်"
" မသိတော့ပါဘူး အစ်ကိုရာ ကျွန်တော်လည်း"
"ဒါနဲ့ မင်း ဖြစ်ဖို့ များမယ် ထင်တယ် ကိုမောင်"
"နေပါစေ တော့ အစ်ကိုရာ ကျွန်တော် မမှန်းတော့ပါဘူး တန်တဲ့သူရမှာပေါ့"
"ငါတို့အကုန်လုံးက မင်းကိုပဲ မြင်နေကြတာ တန်တဲ့သူကို"
"နေပါစေတော့ အစ်ကိုရာ ရလာတော့လည်း ကံပေါ့" ဟု ပြောပြီး ခဏအကြာ ဦးမောင်နှင့် အတူ
နေရာရမည်ဟု သတင်း ထွက်နေသော အထွေထွေကု တို့ကို ဦးခင်မောင် သည် အစည်းအဝေးခေါ်
လိုက်သည်။နဂိုက "သားမောင် သားမောင်" နှင့် ခေါ်နေသော သူက ချက်ချင်းဆိုသလို
"ကိုကိုမောင်" ဟု ပြောင်းခေါ်တော့သည်။
"အခု ပြောချင်တဲ့ စကားက ဒီက ဆရာဝန်လေး နဲ့ ကိုကိုမောင် ကို ရာထူးတိုးမဲ့ caseကို