ဦးမောင်လည်း သူကိစ္စ သူရှင်းပြီး အိမ်သာ ထဲက ထွက်လာစဉ်အမှတ်မထင် ချောအခန်းဘက်ကို ကြည့်လိုက်တော့ လိုက်ကာ လည်းတင်ထားပြီိး စာကြည့်
စာပွဲတွင် စာထိုင်လုပ်နေသောချောကို မြင်လိုက်ကာ...
ချောကို သေချာကြည့်ပြီး ဦးမောင် အတွေးတစ်ခုဝင်
လာသည်။ထိုအတွေးလေးက သူ သူမကို ချစ်များနေသည်
လားဟူသော အတွေးဖြစ်သည်။ချောက ဦးမောင်သူကို
ကြည့်နေမှန်းလည်းမသိပေ။သူအာရုံနှင့်သူ စာထိုင်လုပ်နေ
တော့သည်။ ဦးမောင်လည်း စိတ်တွေ ရှုပ်ထွေးလာသော
ကြောင့် ဘုရားခန်းထဲတွင် ပုတိီးသွားစိတ်တော့သည်။
စိတ်ငြိမ်သွားချိန် ဦးမောင် အခန်းထဲသို့ ဝင်လာပြီး
ချောဘက်အခြမ်းကို ကြည့်လိုက်တော့...မီးပိတ်သွားသည်
ကို မြင်ပြီး သူလည်း အိပ်ပျော်သွားတော့သည်။ မနက်မိုး
လင်းတော့ ဦးမောင်တို့ အိမ်မှာ အလှူရှိသောကြောင့်ဦး
မောင်လည်း အလုပ်များနေတော့သည်။ ချောတို့အိမ်မှာ
အလှူသွားဖို့ ရောက်နေတဲ့ လဲ့လဲ့ နှင့် ဒါလီက ပြင်မဆုံး
နိုင်သော ချောကို ထိုင်စောင့်နေကြတော့သည်။"ဟဲ့ နင်မြန်မြန်ပြင်ပါဟယ် တော်ကြာ အိုးတိုက်နေရမယ်"
"အေးလေ နင် ကလည်း"
ချောက တော့ ပြင်လို့မဆုံးပေ။ ထို့နောက် လဲ့လဲ့ နှင့် ဒါလီ
က အရင် ဦးမောင်တို့ဆီရောက်သွားတော့သည်။ အိမ်အပေါက်ဝတွင်ရပ်နေသော ဦးမောင်က"ဟယ် ကလေးမတွေ လာကြပြီး ဟိုတစ်ယောက်ကော်"
ဦးမောင်တောင် စကားမဆုံးသေး ချောက ခြံထဲကို ဝင်လာတော့သည်။ မြန်မာဝတ်စုံ ဝမ်းဆက် ပန်းရောင်လေး
နှင့်အတူ နှင်းဆီပန်း အဖြူလေးကိုလည်း ပန်ထားသေး
သည်။ ချောရဲ့ ကျောလယ်လောက်ရှိသောရွှေရောင် ပေါက်နေသော ဆံပင်ကလေးများကိုလည်း ယဉ်ယဉ်လေးစီးထားသေးသည်။ မြင်သူတစ်ကာ ငေးမောရလောက်တဲ့
အလှတရားနှင့်တယ်တင့်သော အရွယ်ရှိနေသောချော
ဤကဲ့သို့ ဝတ်စားထားပုံကို ကြည့်ပြီး ဦးမောင် ရင်တွေ
အေးမြကာ မျက်တောင် တောင် မခပ်နိုင် ဖြစ်နေပေသည်။
ချော ဦးမောင်အနားရောက်လာသော အခါ."ဦး.."
"အင်း... ဝင်လေ လာကြ လာကြ... အစ်ကိုကြီးရေ ဧည့်သည်တော်အကြီးစားတွေရောက်နေကြပြီး"