မမ..."
ပရိဘောဂပစ္စည်းများ ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံနေသော်လည်း အထီးကျန်မှု အရိပ်များ ဖုံးလွှမ်းနေသော Alissa ၏ အခန်းထဲသို့ ညီမဖြစ်သူ လည်း ဝင်လာတော့သည်။
"မမ ထမင်း မစားဘူးဆို..အခုတလော""ညီမလေး...ဆေးရုံမှာတုန်းက တွေ့ခဲ့တဲ့ ဖေဖေနဲ့တူတဲ့တစ်ယောက်ကို ပြန်တွေ့မှ ဖြစ်မယ် "
"မမရယ် ..နာမည်တူမရှား လူတူမရှားပါ..ဒယ်ဒီနဲ့ ရုပ်ဆင်တာနေမှာပါ"
"မဟူတ်ဘူး ညီမလေး ..မမ ခံစားနေမိတာ""မမ ထမင်းတော့ စားပါ ညီမ တို့အရွယ်က မငယ်တော့ဘူးလေ..ညီမကို ယုံ ..ညီမ မဖြစ်ဖြစ်အောင် ရှာပေးမယ်..ဒါပေမဲ့ မမ ထမင်းစားပေးပါ"
တစ်ဇွတ်ထိုးစိတ်နဲ့ Alissa လည်း ထိုင်နေတော့သည်။ အယ်ဒလင်း လည်း ကြာရင် အစ်မဖြစ်သူ ထိုနည်းနဲ့ ဒုက္ခရောက်မည်ကို မလိုချင်သေးကြောင့် ဖခင်နဲ့တူသည့် ထိုသူကို မရရအောင် ရှာဖို့ ငွေကုန်ကြေးကျ အကုန်ခံဖို့ တွေးလိုက်တော့သည်။ ဦးမောင် ဆေးခန်းလိပ်စာ ကို သိထားသောကြောင့် ထိုနေရာကို အစ်မ ဖြစ်သူကို ခေါ်သွားဖို့ စဉ်းစားထားတော့သည်။
.......
"အမေရင်းက ဘယ်သူလဲ"
ချောလည်း သူမ ကိုယ် သူမ မေးခွန်းပြန်ထုတ်လိုက်တော့သည်။
"ချော.."
"ဦး"
"သေချာလောက်တယ် . ..သူ ချော အပေါ် တစ်ခါမှ မိခင်လို မကြင်နာ ဘူးသလို မခင်တွယ်ဖူးဘူး ဒါပေမဲ့ သူနဲ့ ချော က ရုပ်ချင်းအနည်းငယ် ဆင်တယ် ဦး..အခု ချောရင်ထဲမှာ အရမ်း..."
"ချောရယ်"
ချောလည်း ပြောရင်း ငိုတော့သည်။
"ချော မငိုပါနဲ့....ချော ငိုတာ ဦး မြင်တိုင်း ဦးကမ္ဘာပျက်သလို ဝမ်းနည်းလို့"
"ဘာလို့ ...ချော ..ချောမှ အဲလောက် ကြမ်းတမ်းတဲ့ ဘဝကြီးရနေရတာလဲ"
"အချစ်....ဘာလို့ ချော ဘဝက ကြမ်းရမှာလဲ ..ချောကို အရမ်းချစ်တဲ့ ကြီးကြီးလည်းရှိသလို ချော ကို အရမ်းချစ်တဲ့ ဦးလည်းရှိတယ် ပြီး ဒါလီတို့ လဲ့လဲ့ တို့လည်းရှိတယ်လေ"
"ချောလေ ....တစ်ခါတစ်လေ အမေဖြစ်သူရဲ့ သမီးလေး လို့ကြင်ကြင်နာနာခေါ်သံ ကြားဖူးချင်ခဲ့တာပါ"
"ချောရယ်"
ဦးမောင်နဲ့ ချောလည်း အိမ်သို့ ပြန်လာကြရင်း ပင်ပန်းနေတဲ့ ချော အနားယူနေတော့သည်။ ဦးမောင်လည်း ဧည့်ခန်းမှာ ထိုင်ပြီး "အမေရင်းက ဘယ်သူလဲ" ဟူသော စကားကို
တွေးရင်း ငြိမ်နေတော့သည်။
၂နာရီလောက်ကြာပြီးချိန် ညနေ ၆နာရီလည်း ကျော်သွားသော်ကြောင့် ချောနိုးလာရင် စားရန် စွပ်ပြုတ် လုပ်ပေးနေတော့သည်။ ချောလည်း အစ်အမ်းနေသော မျက်လုံးများဖြင့် နိုးလာတော့သည်။
"ဦး...."