"အစ်မအေး ကျွန်တော် ပြောစရာရှိလို့" ဦးမောင် စကား ကြားသည်နှင့် အမျှ အန်တီအေးကို အပေါ် လှေကား ကို ကြည့်လိုက်ပြီး
"အစ်မ လည်း ပြောစရာ ရှိတယ်....ဒီလိုလုပ် .မနက်ဖြန် ညနေခင်းလောက် အစ်မ မင်း ဆေးခန်း အသစ်နား ကို လာခဲ့မယ်..အဲကျ မှ ပြောရအောင်"
"ဟုတ် ကောင်းပါပြီး အစ်မ ကောင်းသော ညပါ "ဟု ဆိုကာ ဦးမောင်လည်း ချောတို့ အိမ်မှ ထွက်လာတော့သည်။
ဦးမောင်လည်း ခြေထောက်ဆေး လက်ဆေး နှင့် အိပ်ယာ ပေါ် ရောက်သည်နှင့် အမျှ စဉ်းစားခန်း စတင် ဝင်တော့သည်။ အကြောင်းက တော့ အခြားမဟုတ် သူချစ်သော ချောကို မည်သို့ ကာကွယ်ပေးရမလည်းကိုပဲ တွေးနေတော့သည်။တစ်ဖက်က ကျေးဇူးရှင်လည်း ဖြစ်ခဲ့တဲ့ ဆရာ ကိုလည်း လက်လွန် ခြေလွန်တွေ ထိုးမိ တာကို စိတ်မကောင်းဖြစ်နေရတော့သည်။သို့သော်လည်း အမှားအမှန် သိနေတဲ့အတွက် တစ်ခုခုဆိုလည်း လုပ်ရဲ၊လုပ်ဝံ့နေတော့သည်။ ညသည်လည်း တစ်ဖြေးဖြေး နက်လာပြီး အတွေးများနှင့် ချာချာလည်နေတော့ အိပ်လို့ကလည်း မပျော်တော့တာနှင့် အခန်းထဲရှိ ရေခဲသေတ္တာအသေးလေးထဲမှ Myanmar beerတစ်လုံးထုတ်ကာ ဝံရံတာလေးသို့ ထွက်ကာ ဘီယာသောက်ရင်း လေညှင်းခံနေတော့သည်။ ချော အခန်းလေးကို ကြည့်ပြီး အတွေးတွေသည်လည်း ပိုကာ များလာပြန်တော့သည်။ ထိုကလေးမလေးအကြောင်း သူခေါင်းထဲရောက်လာတိုင်း
ပြုံး လိုက် စိတ်ပူလိုက်နဲ့ တကယ်ကို သူတစ်ယောက် ဗျာများနေတော့သည်။ သို့သော်လည်း သောက်ထားသောကြောင့် မူးမူးနဲ့အိပ်ပျော်သွားတော့သည်။မနက်စောစော မနက်စာ ဝိုင်းတွင်.... အန်တီအေးတစ်ယောက် မုန့်ဟင်းခါးစောစော ထချက်ထားသောကြောင့် ချစ်သူ လည်းဖြစ်တဲ့ ဦးဇော်နှင့် ညီ ဖြစ်တဲ့ ဦးမောင်တို့ကို
ဖိတ်ထားတော့သည်။"မ တစ်ယောက်တည်းလား" ဦးဇော်မှ အန်တီအေးတစ်ယောက်တည်းကို တွေ့သောကြောင့်မေးလိုက်တော့သည်။
"အင်း....ကလေးမလေးက မနိုးသေးဘူး"
"ဟိုမှာ မောင်မောင်လည်းမနိုးသေးဘူး....ဒါနဲ့ မ ဒီနေ့ သူတို့ကိုပြောပြလိုက်တော့မယ်"