နောက်တစ်နေ့ မနက်... မနက်စာဝိုင်းတွင် ကြီးကြီးအေးက ချောမျက်နှာ အရိပ်ကဲ ကြည့်ကာ..
" သမီး"
"ဟုတ် ကြီးအေး"
"ဒီနေ့ ကြီးအေး သမီးအမေရဲ့ အိမ်အသစ်ကို ခဏသွားလိုက်ဦးမယ်.. ပရိဘောဂတွေ ဘာတွေစင်ပေးမလို့"ချောက ဘာမှမဖြစ်သလို ပုံစံနှင့်
"ဟုတ် ကြီးအေး သွားလေ..ဒီနေ့ ချော လည်း မနက်ပိုင်းအချိန်ပြီးတာနဲ့.. အားပြီး.. အိမ်မှာ စာကျက်ရင်းစောင့်ပေးမယ်"
"သမီး ဘာမှာ ဦးမလဲ"
"မှာစရာ ကိစ္စ ဘာမှမရှိဘူး ကြီးအေး.. အော် ဒါနဲ့ တစ်ခုပဲ
ပြောပေးပါ""ဘာများလဲ သမီး"
"အိမ်ထောင်ရေး သာယာပါစေလို့"
ချောတစ်ယောက် လည်း ပြောချင်တာပြောပြီး စာပွဲမှ ထကာ ကျူရှင်သွားဖို့ ပြင်ဆင်နေတော့သည်။ ထိုအချိန်
ဦးမောင်ဆီမှ Message လေးဝင်လာတော့သည်။"အချစ်လေးရေ Good Morning မနက်စာ ကောင်းကောင်းစားပါ မနက်စာ ဆိုတာ လူအတွက် အရေးကြီးတယ် ကလေးလေးရဲ့..ထီးယူသွားဦးမိုးရွာမယ်ထင်တယ်... ချစ်တယ်.. ဂရုစိုက်ပါ ချစ်ဆုံးလေး"
ချောလည်း ဦးမောင်ရဲ့ စာကို မြင်တော့မှ ပြုံးသွားတော့
သည်။ ကျူရှင် သို့ ပြုံးပြုံးရွှင်ရွှင် ထွက်သွားတော့သည်။
ကျူရှင်ရောက်ပြီး နားချိန်ရောက်သောအခါ.. ချောက ဒါလီတို့ကို ရင်ဖွင့်ပြန်တော့သည်။"ငါ ငါသာ အမေတစ်ယောက်ဖြစ်လာခဲ့ရင် အကောင်းဆုံး
တွေပဲ ဖြစ်အောင် နေမယ်""နင် အမေက အဲဒါကြီးကတော့ မမိုက်ပါဘူးဟာ နင်ကို
သူအခုယူမဲ့သူနဲ့တော့ မိတ်ဆက်ပေးသင့်တာပေါ့" လဲ့လဲ့
ပြောသည်တောင် မဆုံးသေး ချောက လက်ဟန်ခြေဟန်ဖြင့် ခါးခါးသီးသီး"နေပါစေ ဟယ် ကြောက်လွန်းလို့ပါ"
"ဒါပေမဲ့မယ်ချော ငါအမြင်ကတော့ နင် နဲ့နင်အမေနဲ့ကလေ အရင်းတွေမှ ဟူတ်ရဲ့လားဟယ်""ဟမ်"
ဒါလီ ရုတ်တရက် ပြောလိုက်သော စကားကြောင့် ချောနှင့်
လဲ့လဲ့တို့ လန့်သွားကြတော့သည်။