ဦးမောင်လည်း အကူညီတောင်းရန် အနားထို အမျိုးသမီး နှစ်ဦးနား ကပ်လိုက်ချိန် တစ်ဦးမှာ အရမ်း ရင်းနှီးနေသော မျက်နှာ ပိုင်ရှင် ဖြစ်ပြီး နောက်တစ်ဦးမှာ လည်း ထိုနည်းတူစွာ မျက်နှာမှာ ရင်းနှီးနေသော မျက်နှာ ပိုင်ရှင် ဖြစ်နေတော့သည်။သို့သော်လည်း ထိုမျက်နှာ ပိုင်ရှင်များကို မသိချေ။ ထို နှစ်ယောက် ကို ဦးမောင် အကူညီစတင်တောင်းနေတော့သည်။
"ကူညီ ပေးကြပါဦးဗျာ ကျွန်တော် ချစ်သူ လှေကား ပေါ်က ပြုတ် ကျ သွားလို့ပါ" ငိုသံသဲ့သဲ့ နှင့် စတင် အကူညီတောင်းနေသောလည်း ထိုနှစ်ဦးမှာ လုံးဝကို အပြုံးမပျက် ကြည့်နေတော့သည်။
"ကြားရကြလား ဗျာ ကျွန်တော် ပြောနေတာကို " ဦးမောင်လည်း ပြော ရင်း သူ စကားကို လျစ်လျူပြုနေသော ကြောင့် ဒေါသဖြစ်လာတော့သည်။
ထို ရပ်သော အမျိုးသမီး နှစ်ဦးတည်းမှ တစ်ဦးသည် ဦးမောင် အား လှေကား အောက်သို့ တွန်းချလိုက်ပြန်တော့သည်။
"အား......."
အိပ်မက်ဆိုးနှင့် အတူ ဦးမောင်လည်း ချွေးများ ထွက်၍ နိုးလာတော့သည်။
"ဟူး ...ဘာ သဘောတွေ နဲ့ အိပ်မက်ကြီးလဲ မသိဘူး" ထို့နောက် ၄၅ ဒီဂရီလောက်တွင် ရှိသော နံရံပေါ်ရှိ နာရီ ကိုကြည့်လိုက်စဉ် အချိန် အားဖြင့် မနက် ၉ နာရီ ထိုးချေပြီ။
"ဟာ ငါနောက်ကျတော့မယ် မနက်ဆေး ချောသောက် ဖို့ အချိန် ကပ်..."ကုတင် အောက်သို့ ခြေ ချလိုက်စဉ်
"မဟုတ်သေးပါဘူး ငါ မှ သွားမရတာ " ဟု ဆိုတာ တွေးလိုက်စဉ်
"ဟုတ်ပြီး..နန္ဒာဆီ ဖုန်းဆက် ရမယ်" နန္ဒာဆိုသည်မှာ ဦးမောင် ထိုဆေးရုံ တွင် အလုပ်လုပ်စဉ်က ဦးမောင် လက်အောက် တွင် အလုပ်လုပ်ရသော သူနာပြုမလေး ဖြစ်သည်။
ထိုနောက် အခန်းရှိ computerခုံ ပေါ် ရှိ ဖုန်းကို ဖွင့်ကာ သူမ ဆီ ဖုန်းခေါ်တော့သည်။
"ဟယ်လို ဆရာ"
"အေး ညီမ နင် ဆေးရုံမှာလား"
"သမီးက ဒီနေ့ duty ကနေ့လယ်မှ ဆရာ"
"ဆရာ အကူညီ တောင်းချင်လို့"