၃:၄၅ မိနစ် အချိန် သို့ရောက်ရှိသွားသည်။ ဦးမောင်ကလည်း ချောကို ကျူရှင်လိုက်ပို့ဖို့ သူ ကားကို ချောတို့
အိမ်ရှေ့တွင် ရပ်လိုက်သည် ။ ချောလည်း ဦးမောင်ကား
ကိုမြင်တာနဲ့ ခြေထောက် ထော့နဲ့ကလေးနဲ့ ပြုံးစိပြုံးစိ
လုပ်ကာ ထွက်လာသည်။ ဦးမောင်လည်း ချောကို မြင်တာ
နဲ့ အောက်ကို ဆင်းပြီး ကားတံခါးဖွင့်ပေးတော့သည်။
ချောလည်း ကားပေါ်ရောက်"ကလေးမ ဦးကို လမ်းညွန်ပေးဦး "
"ဟုတ်"
အဲလိုနဲ့ ဦးမောင်နှင့်ချောတို့ ကားတစ်စီး ထဲတွင် နှစ်ယောက်တည်း အတူတူ သွားကြတော့သည်။ ချောက
ဦးမောင် ခဏခဏ ခိုးကြည့်ကာ သူလက်ကလေးက ကိုင်ပြီး ဦးမောင် နှင့်ပထမဆုံးတွေ့တုန်းက လက်ကိုင် သည့်
ခံစားချက်နဲ့ပြန်တွေးကာ ပြုံးနေတော့သည်။ ဦးမောင်
လည်း ဘေးကားမှန်ကိုကြည့်သလိုလိုနှင့် ချောကို အကဲ
ခတ်နေတော့သည်။ အဲလိုနဲ့ ချောတို့ ကျူရှင်ရှေ့ရောက်တော့ အကုန်လုံးရဲ့ မျက်လုံးတွေက ချောတို့ဆီကို
ရောက်သွားတော့သည်။ လဲ့လဲ့နှင့် ဒါလီကလည်း ချောခြေထောက် ထိထားသည်ကို သိသောကြောင့် တွဲပေးရန်
ထွက်လာကြတော့သည်။ လဲ့လဲ့တို့တောင်မရောက်သေး
ဦးမောင်က ချောကို ကိုယ်တိုင်တွဲပြီး ရောက်လာတော့
သည်။ ချောကလည်း လူနာသာဆိုသည် ပြုံးစိစိနှင့်
ဖြစ်နေတော့သည်။ ကျူရှင် ဝသို့ရောက်သောအခါ
"ရပြီး ဦး..သမီး ဘာသာဝင်လိုက်တော့မယ်"
"ရရဲ့လား"
"ရပါတယ် ဦးကလည်း"
"အင်း အင်း ညနေ ဘယ်နှစ်နာရီ လာကြိုရမှာလဲ""၆နာရီ ဦး"
"အင်းအင်း စောင့်နေနော် ဦးလာကြိုမယ် စာသေချာကြိုးစား" ဟုပြောကာ ချောခေါင်းကို ပုတ်လိုက်သည်။
ချောလည်း ပြုံးစိစိဖြစ်ရုံကလွဲပြီး ကျန်တာ ဘာမှလုပ်
ဆောင်လို့မရပေ။ဒါလီက အနောက်ကနေပြီး"Wow bravo ပါမိန်းမရေ"
ချောကလည်း ပြုံးကာ
"အပိုတွေပြောမနေနဲ့ ငါလာ တွဲပေးဦးဟ"
ဆရာမရောက်သေးချိန် နေရာတွင် လဲ့လဲ့က
"ဟဲ့ ကားပေါ်မှာ ဘာလုပ်ခဲ့ကြလဲ"