ဦးမောင်လည်း ဒေါသ နဲ့ ချော လက်ကို အတင်း ဆွဲသွား
တော့သည်။ ကားပေါ်ကိုလည်း ချောအား အတင်း တွန်း
တင်တော့သည်။ ကားပေါ်သို့ရောက်သော အခါ..."တောက်" ဟု ခေါက်ခါ ကားစီယာ တိုင်အား အားနှင့်
ထုလိုက်တော့သည်။ ချောလည်း စတင်ငို ပါတော့သည်။
ဦးမောင် လည်း ချောငိုနေသည်ကို ကြည့်ပြီး စိတ်ကို လျော့ကာ"ချော...." ဟုခေါ်ကာ ချောကို သေချာ ကြည့်နေတော့သည်။
"မငိုနဲ့....ဦးကို ကြည့်စမ်း... ဘာလို့ ဒီလို လုပ်ပြီး ဦးရင်ကို
ခွဲဖို့ ကြိုးစားရတာလား ဟမ် ချော ဦးမေးနေတယ်လေ""သ သမီးက ဦး ကို ရာ ထူး တိုးစေ ချင်"
"တိတ်စမ်း ချော... ဦး လမ်းကို ဦး အဆင်ပြေပြေ လျှောနိုင်တယ်... ငါရာထူး မတိုးလဲ ပြဿနာမရှိဘူး
အေး မင်းသာ တစ်ခုခုဖြစ်ရင် ငါရင်ကျိုးမှာ မင်းသိလား"
"သမီး တောင်းပန်ပါတယ် ဦးရယ်""လူကြီးတွေကို ငါဒီပြဿနာကိုဘယ်လိုရှင်းပြရမလဲ တော်သေးတာပေါ့ ဒီ ဘိုးတော်က သူကိုယ်ပိုင် အခန်း
ကိုပဲ သုံးနေလို့ပေါ့ သူအဲအခန်းမသုံးဘဲ အခြားအခန်းသုံးလို့ ရှာရင်း တစ်စက္ကန့်လောက် နောက်ကျ သွားရင် ဘယ်လိုလုပ်မလဲ မင်းကွာ...""သမီးတောင်းပန်ပါတယ် ဦးရယ်"
"ငါအသုံးမကျတာပါ ငါအသုံးမကျတာပါ"
ချောလည်း ဦးမောင် ဒေါသနှင့် ငိုနေပုံကိုကြည့်ပြီး ချောလည်းပိုမို ငိုနေတော့သည်။ ချောငိုနေပုံကို မြင်ပြီး
ဦးမောင်လည်း"မငိုပါနဲ့ ကလေးရယ်... လာ "ဟု ခေါ်ကာ ချောကို ဖက်ထားလိုက်တော့သည်။
"မငိုနဲ့ ကလေး...ဦး ကလေးကို အော်မိတာ လည်းတောင်းပန်ပါတယ်.. ဦး သမီးကို အဆုံးရှုံးမခံ နိုင်လို့ကွာ"
"သမီးမှားတာပါ ဦးအပေါ် သစ္စာမရှိသလိုဖြစ်သွားတာ"
"ချော...ဦးကိုကြည့်...ဦး ချောကို သိပ်ချစ်တယ်.. ဦးဘဝမှာ ချောက အရာရာပဲ...ချောကို ထိခိုက်မဲ့အလုပ် ဦးဘာမှ
မလုပ်ချင်ဘူး ဦး ကလေးလေးကို ဦးသိပ်ချစ်တာ"
"ချောသိပါတယ်"
"ဒါပေမဲ့ ဦးမောင် ဒီကိစ္စကို ဒီတိုင်း မကျော်သွားနိုင်ဘူး...ဒါဟာ ကြီးတယ် ပြစ်မှု"
"ဦးကို သူ အလုပ်ထုတ်ရင်ကော်"
"ထုတ်ပါစေ... သူမထုတ်ခင် ဦးက ထွက်မှာ...အဲလို အောက်တန်းကျတဲ့သူရဲ့ လက်အောက်မှာ ဆက်အလုပ်
မလုပ်နိုင်ဘူး ဦး"
"ဒါနဲ့ ဦး ပါးမှာ နီရဲနေတယ် ဘာနဲ့တိုက်မိတာထားတာလဲ"
"ဘာမှမဟုတ်ပါဘူး ဒါက ချော ကို ဦး ဒီတိုင်းထားရမှာတောင် စိတ်ရယ်တကယ် မချတော့ဘူး... "