EP2

14.4K 1.2K 81
                                    

"မောင် ခဏ နေ ထွက်ခဲ့ တော့နော်မောင်...."

"အင်းပါ... မောင် အခု ထွက်ခဲ့ပြီ...."

ဖုန်းမချ ခင် ကြား လိုက် ရသော သူမ အသံ လေးကြောင့် ရိပေါ် ပြုံးလိုက်မိသည်။

"မောင်.... ချစ်တယ်"

"မောင်လည်း ချစ်တယ်"

တဖက်မှ ဖုန်းချသွားသည့်နောက် ရိပေါ် ဖုန်း screen တွင် ပေါ်လာသော မိသားစု ပုံ လေး ကိုကြည့်ကာ တောင်းပန်လိုက်မိသည်။

"မားမား...စစ်ကျွေး တောင်းပန်ပါတယ်......"

အဓိက ပိုက်ဆံ ပါဖို့ သာ ဖြစ်သည် ကြောင့် ကျန်သည့် ပစ္စည်း တစ်စုံစရာ မှ မယူ... bank ကဒ် နှင့် passport ကဒ်ကိုသာ အိတ်ကပ်ထဲ ထည့်၍ ထွက်သွားရန်ပြင်လိုက်သည်။

သို့သော် တိုက်တိုက်ဆိုင်ဆိုင် ထို နေ့မှ
ရှောင်ကျန့် တို့ မိသား စု ရောက်နေသဖြင့် ဝမ်ကျိုးဟွာ(ရိပေါ်မားမား) ပါ ဧည့်ခန်းထဲ တွင် ရှိ နေ သည် ကြောင့် ရိပေါ် အိမ်ရှေ့မှ ထွက်သွားရန် အဆင်မပြေ....

အနည်းဆုံးတော့ ဝမ်ကျိုးဟွာသည် ရိပေါ်ကို မြင်လျှင် အကျိုး အကြောင်း မေးမည် ဖြစ်သောကြောင့်အချိန်နှောင့်နှေးသွားနိုင်သည်။

အနောက်ဘက် အပေါက်မှ ထွက်သွားရန် ကြည့်လိုက်သော်လည်း စစ်ကျွေး နှင့် ရှောင်ကျန့် မှာ အိမ်တွင်မွေးထားသော ခွေးကလေး များနှင့် ဆော့ နေသည်ကြောင့် ရိပေါ် အိမ်နောက်မှလည်း ထွက်သွား ရန် အဆင်မပြေ...

"ကျစ်...အရေးထဲကွာ... မားမားနဲ့ စစ်ကျွေးက လည်း ဒီရက်ပိုင်း ငါ့ကို သေချာ စောင့်ကြည့် နေ တာ ဆိုတော့ တစ်ခုခု မှားတာနဲ့ အစီ အစဉ် တွေ အကုန် ပျက် ကုန်မှာပဲ... ဘယ်လို လုပ်ရမလဲ...."

ထို့နောက် လူအရိပ်အခြေ ကြည့် ကာ အကဲခတ်နေမိသည်။ လစ်တာနဲ့ ခိုး ထွက်မည် ဟု စိတ်တွင် တေး လျှက် ကွယ်ရာ မှ ချောင်းကြည့်နေမိသည်။ ထိုသို့ မှ ထွက်မရ လျှင် တခြား နည်းသာ သုံး ရတော့မည်။

*****

"ခွေးလေး တွေက တကယ် ချစ်ဖို့ ကောင်းတယ်... ရိပေါ် interview တစ်ခု မှာ ခွေး မွေးရတာ ကြိုက်တယ် ပြောဖူးတာ...ဒီလောက်ထိ အများကြီး မွေးထားမယ် မထင်ဘူး....ဟီး...၁၂ကောင်တောင်"

PLEASE , STAY WITH ME (BJYX , COMPLETE)Where stories live. Discover now