EP31

18.7K 949 63
                                    

Warning : The inclusion of Sex Scene/ Sorry for some lewd word..

Age Rate: 18+

-
-

ရိပေါ် ကို တွဲ ခေါ်လာ သည့် ရှောင်ကျန့် ကြောင့် မားမား ကလည်း စိတ်ပူ ကာ....

"ကျန့်ကျန့်လေး... ဘယ်လို ဖြစ်တာတုန်း"

"မားမား ကိုကို အဖျား အရမ်း တက်နေတယ်..."

ရိပေါ် ကိုယ်လုံး ကို အခန်းထဲ ထိ တွဲ ခေါ်လာပြီး ကုတင်ပေါ် သို့ ချပေးလိုက်သည်။

"ထပ်ပြီး ထွက်မသွား ပါနဲ့တော့.... "

ရှောင်ကျန့် လက်ကို ဆွဲကာ တစ်ကိုယ်လုံး ကို ရိပေါ်အတင်း ဖက်လိုက် သည်မို့ ရှောင်ကျန့်မှာ ရုန်း မရ...

"ကိုကို...မိုးရေ တွေ စိုနေတယ်လေ... ကျန့်ကျန့်ကို လွှတ်ပေး အုံး...."

"ထွက်မသွားပါနဲ့...ကိုကို နဲ့ပဲ နေပေး ပါနော်..."

"နေပေးမယ်...ကိုကိုက မနေခိုင်း ရင်တောင် ကျန့်ကျန့် က အမြဲ နေပေးမှာ...အခုတော့ ကျန့်ကျန့်ကို ခဏ လောက် လွှတ်ပေး ပါနော်... နှစ်ယောက်လုံး ဖျား ကုန်တော့မယ် ကိုကို ရဲ့..."

ကိုကို့ လက်ထဲ မှ အတင်း ရုန်းကာ ထွက်လိုက်ရသည်။

အဝတ်အစား အသစ် လဲပေး လိုက်ပြီး အခန်းထဲ Heater ပေး ထားရသည်။

"အခုမှပဲ ပြီးတော့တယ်...."

ဂွမ်းစောင်ထူထူလေးကို ကိုကို့အပေါ် လွှမ်းခြုံ ပေးလိုက်သည်။ အဖျား တိုင်း ကြည့်တော့ အခုထိ မကျသေး...

ကိုကို့ ကိုယ် ကို မချီကာရှောင်ကျန့် ရင်ခွင်ထဲ ထည့် ထားမိသည်။

"ကိုကို...အဖျား ကျအောင် ဆေး သောက်ရအောင်နော်..."

ရှောင်ကျန့် လှုပ်နှိုး သော်လည်း ကိုကိုက မျက်လုံးတို့တောင် မဖွင့် သည် မို့ ခဏ ပြန်ချကာ....

ဆေး ကို အမှုန့် ဖြစ် သည်ထိ ကျိတ်ပြီး ရေနွေး ဖြင့်ဖျော်လိုက်သည်။ သောက်လို့ရတဲ့ ထိ အေးသွားမှ ဆေး ခွက်လေးကို ကိုင်ကာ ကိုကို့ဘေး ဝင်ထိုင် လိုက်သည်။

"ဒီတိုင်း တိုက်ရင် ဝင်ပါ့မလား...မထူး ပါဘူး..."

ရှောင်ကျန့် ခွက်ထဲ မှ ဆေး ရည် တွေ ကို ငုံလိုက်ကာ... ရိပေါ် ပါးစပ် ကို Mouth to Mouth သဘောမျိုး ဖြင့် တိုက်လိုက်သည်။

PLEASE , STAY WITH ME (BJYX , COMPLETE)Where stories live. Discover now