EP35

13.7K 759 56
                                    

Warning : The inclusion of Sex Scene/ Sorry for some lewd word..

Age Rate: 17+

-
-

စာသင်နေတုန်း Message လေး တစ်ခု ဝင်လာသည်မို့ ခိုးဖတ်လိုက်သည်။

✉️အတန်းချိန်ပြီး ပြီလား ကျန့်ကျန့်... ကိုကို ကျန့်ကျန့် ကား ရပ်ထားတဲ့ နေရာမှ ရပ်နေတယ်... ထွက်လို့ ရရင် ထွက်ခဲ့ ပါလား... ဒါမှမဟုတ် ကိုကို လာခေါ် ရမလား..

✉️ ၅ မိနစ်လောက်စောင့်... ကျန့်ကျန့် ဒီ အချိန်ပြီးတာနဲ့ ထွက်လာခဲ့မယ်...

ရှောင်ကျန့် ထွက်လာတော့ သူကားတဝိုက်ဘယ်သူမှ ရှိမနေ....

"ကိုကို..."

"ကိုကို...အာ ဒီလူကြီးကတော့ ရပ်နေတယ်ပြောပြီး အခု ရှိမနေပြန်ဘူး..."

ဖုန်းဆက်လိုက်တော့ ရှောင်ကျန့် အနောက်မှ တစ်စုံ တစ်ယောက်က ဖုန်းကို ဆွဲ လုသွားသည်။

"ဘုရား!"

ရှောင်ကျန့်ကိုယ် တစ်ခု လုံး ဆွဲ လှည့် ခံလိုက်ရခြင်း အတူ ရုတ်တရက်ပွေ့ ဖက်ခြင်း ခံလိုက်ရသည်မို့ လန့် သွားသည်တော့အမှန်....

"လွမ်းလိုက်တာ... မတွေ့ ရတာ ၅နာရီ နဲ့ ၁၅မိနစ် တိတိ ပြည့်သွားပြီ..."

ရှောင်ကျန့် သူ့ကို ဖက်ထားသည့် ထို လူရဲ့ ရင်ခွင်ထဲမှ မော့ကြည့်လိုက်သည်။

" ဟော ကိုကိုရယ် လန့်လိုက်တာ..."

ရိပေါ် သူ့ကို မော့ကြည့် လာသည်မို့ နှုတ်ခမ်း လေးကို ဖိနမ်း လိုက်သည်။

"ဟီး...supriseလေ... လန့်သွား တာလား..."

ဗိုက်မှ အသား လေးကို ဆွဲ လိမ် လိုက်ကာ မျက်စောင်းထိုးလိုက်သည်။ ဒီလူကြီး ကတော့လေ...

"ကား သော့ရော..."

"အင်း ဒီမှာ ကိုကို..."

"ကျန့်ကျန့် စာအုပ်တွေ ကိုကို့ ကို ပေး "

ကားသော့ကို ဖွင့်ကာ စာအုပ်တွေ အကုန်ကားထဲ ထည့်လိုက်သည်။ ပြီးတော့ ရှောင်ကျန့် လက်ကို ချိတ် ဆွဲကာ ပြေးထွက်လာသည်။

"ဟင်...ဘယ်သွားမို့လဲ ကိုကို..."

လက်ကို အတင်းဆွဲကာ ခေါ်သွား သည်မို့ သူနောက်သာ လိုက်ရတော့သည်။

PLEASE , STAY WITH ME (BJYX , COMPLETE)Tempat cerita menjadi hidup. Temukan sekarang