"အကို နဲ့ အတူ ပါလာတဲ့ ဧည့်သည် မေ့လဲ သွားလို့..."
"သူ အခု ဘယ်မှာလဲ..."
ရိပေါ် မျက်နှာသည် ထိပ်လန့်သလို...တစ်ခုခု ကို စိုးရိမ် သွား သကဲ့သို့.....
"ဧည့်ခန်း မှာ ကျွန်တော်တို့ ခေါ်ထားတယ်"
"Tsk!"
ရိပေါ် ချက်ချင်း ပြေးသွား သည်။sofa အပေါ် မှ ထိုင်ရက်လေး ဖြစ်နေသည့် ရှောင်ကျန့် အနား ရိပေါ် ထိုင်ကာ ရင်ခွင်ထဲ ထည့်၍ ဝန်ထမ်း တွေကို အထက်စီးဆန်ဆန် ပြောလိုက်သည်။
"သူ ဘယ်လို ဖြစ်တာလဲ..."
ရိပေါ် အသံကြောင့် ဝန်ထမ်းတွေ ပါ လန့်ကာ စကားတွေ ထစ်ကုန်သည်။
"ကျွန်တော်တို့ ကျွန်တော်တို့... ပေါ့ဆမှုကြောင့်ပါ... တံခါး ထု သံ ကြားပေမယ့် နားမှား တယ်တင်ပြီ လျစ်လျူ ရှုမိသွားလို့....နောက်မှ မသင်္ကာလို့ သွား ကြည့် လိုက်တော့ ဒီအကိုက တံခါး ဘေးမှာ လဲကျနေတာ...အဲ့တာနဲ့ ကျွန်တော်တို့လဲ အကို့ နဲ့ အတူ ပါလာတဲ့ ဧည့်သည်မှန်း သိလို့ အကို့ ကိုလာ..လာခေါ်တာ ပါ... ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ အမှားပါ..."
'ရန်ဖေးလီ...ဒါ မင်း လက်ချက် မှမဟုတ်ရင်... ဘယ်သူ မှ မဖြစ်နိုင်ဘူး...'
ရိပေါ် ရှောင်ကျန့် လက်ကို ဆုပ်ကိုင် လိုက်ပြီး.....
"ထားပါတော့...ဒါ မင်းတို့အမှား လည်း မဟုတ်ပါဘူး...သူ့ကို တစ်ယောက်တည်း လွှတ်မိတဲ့ ငါအမှားပါ..."
ရိပေါ် ရှောင်ကျန့်ကို ပွေ့ချီကာ ခေါ်လာခဲ့သည်။
ရိပေါ်တို့ စားသောက်ဆိုင်မှ ထွက်လာတဲ့အချိန် ရိပေါ်ကားနောက်မှ လိုက်လာတဲ့ ကားတစ်စီး....**********
ရိပေါ် ရှောင်ကျန့် ကိုယ် ကိုပွေ့ ချီပြီး ထွက်သွားမှ ဝန်ထမ်းတွေလည်း အသက်ဝဝ ရှူ ရတော့သည်။
"ဝမ်ရိပေါ် အသံကြားပြီး ငါ လန့်လွန်းလို့ သူ့မျက်နှာတောင်မကြည့်လိုက်ရဘူး..."
"အေ့ဟယ်..."
"ရှောင်ကျန့် မေ့လဲ သွား လို့ ရိပေါ်က ငါ့တို့ကို ဒီလောက်ဒေါသ ထွက် နေတာပေါ့..အခန့်မသင့် ငါတို့အကုန်အလုပ်ပြုတ် သွားနိုင်တယ်..."
VOUS LISEZ
PLEASE , STAY WITH ME (BJYX , COMPLETE)
Roman d'amour⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)