ရိပေါ် shooting သွားမည်ကို သိသည့်နောက် လိုက်ချင်သည်ဟု အတင်းပူဆာ နေသည့် ရှောင်ကျန့်ကြောင့် ရိပေါ်မှာ မနည်းတားကာ အိမ်မှာထား ခဲ့ရသည်။indoor shooting ဖြစ်သော်လည်း ရိုက်ကွင်းမှာ လူရှုပ်သည်။ ရိပေါ် မအား လျှင် ရှောင်ကျန့် တစ်ယောက်တည်း ဖြစ်နေမည်။ fan တစ်သိုက်နှင့် တွေ့လျှင်ရိပေါ် တောင်မနည်း ပြေး ရနေသည်။ ရှောင်ကျန့် ပါလာလျှင် ရှောင်ကျန့်ကို မုန်းသည့် ရိပေါ် ၏ fan တစ်ချို့ကလည်း ရန်မူ နိုင်သည်။ ဤ အခြေအနေတွေကြောင့် သူ့ ရှောင်ကျန့်ကို သူ မခေါ်ချင်ပါ....
"ရိပေါ် ရောက်ပြီ..."
ရိပေါ် သူ့ Manager အသံကြားမှ အတွေး တို့ကို ရပ်ကာ...ကားတံခါး ဖွင့်မည် အလုပ်...
"ကိုကို...ဟီး"
အသံ လာရာ လှည့်ကြည့်လိုက်သည်။ မျက်လုံးတွေ မှေးသွားသည် အထိ ပြုံးပြ လာသည့် သူ့ယုန်ပေါက်...
သူ့အပြစ်ကို သူ့အပြုံး နဲ့ ချေနေလေသည်။"ရှောင်ကျန့်...ဘယ်လို လုပ်ပြီ..."
"ကိုကို မခေါ် လို ကျန့်ကျန့် ကားနောက်က ခိုး လိုက်လိုက်လာတာလေ...ခ်ခ်"
ထိုင်ခုံ သုံးတန်း နှင့် alphard ကားအမျိုးအစား ဖြစ်တာကြောင့် အလယ်မှာထိုင်သည့် ရိပေါ်ရော ကားမောင်းနေသည့် Manager ရော နောက်ဆုံး ခုံကို သတိမထားမိ...
"ကျွန်တော် အိမ်ပြန်ပို့ပေး ရမလား ရိပေါ်...."
"အူးဝါး... ခါးအညောင်းခံပြီး ကုန်း လိုက်လာတာ... ဘယ်လောက်ပင်ပန်းတယ် ထင်လဲ..ဟို ဂျာကြီး... ကိုကို ကျန့်ကျန့် အိမ်မပြန်ဘူးနော်..."
ရိပေါ် အရင် သူ အရင် ဆင်းပြီးမှ ရှောင်ကျန့်ကို ဆင်းစေသည်။
"ဆင်း ဒါဆိုလဲ...ကားထဲ မှာ နေခဲ့မှာလား..."
"နေဘူး..."
ကားပေါ်က ဆင်းလာသည်နှင့် သူ့လက်ကို ဖမ်း ဆုပ်လာသည့် ရှောင်ကျန့်...
"ကျန့်ကျန့် တစ်ယောက်တည်းဆို ပျောက်သွားမှာစိုးလို့ ကိုကို လက်လေး ကိုင်ထားမယ်နော်...ကိုကို..."
ရိပေါ် မငြင်းပါ။ သို့သော် ပခုံး တစ်ဖက် လျှော ကျနေသည့် အင်္ကျီကို ဝတ်လာသည့် ရှောင်ကျန့်ကြောင့် ရိပေါ် စိတ်အလိုမကျ....
YOU ARE READING
PLEASE , STAY WITH ME (BJYX , COMPLETE)
Romance⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)