ယွီပင် ခေါ်လို့သာ ရိပေါ် ရောက်လာခဲ့သည်။ ရိပေါ် အခု မှ ရှောင်ကျန့်ကို ခေါ်မလာ ဖြစ်ခဲ့သည်ကို မှားနေမလား ဟု တွေးနေမိသည်။
"Tsk! ကျန့်လေး ကို ပြန်သွားခေါ် လိုက်ရင်ကောင်းမလား... တော်ကြာ ဖေးလီ ညီမကို မြင်နေမှ ငါ့ကို အထင်လွဲနေအုံးမယ်..ဟူး... ဒီတစ်ခေါက်တော့ တစ်ယောက်တည်းပဲ သွားလိုက်တာပဲ ကောင်းပါတယ် အခုပဲ လမ်းတစ်ဝက်ကျိုး နေပြီဆိုတော့..."
ထိုတစ်ခါ သည်သာ လျှင် ရိပေါ်အတွက် နောင်တရစရာ အကြောင်းအရင်း ၏ အစမှန်း ရိပေါ် သိခဲ့လျှင်....
"အာ..ရိပေါ်တောင်ရောက်လာပြီ..."
ရိပေါ် ရောက်လာတော့ ရန်းလီ ချက်ချင်း ထလိုက်သည်။ ထို့နောက် ရိပေါ်ကို ပြေးဖက်ကာ....
"ကိုကို... ဟင့်...ရန်းလီ ရဲ့ မမ.. ဟင့်..."
ရိပေါ် သူ့ကို လာဖက်သည့် ထို ကောင်မလေးကို ကိုယ်မှ ချက်ချင်း ဆွဲခွာ လိုက်သည်။
"ခဏ မင်းက.."
ရိပေါ် ကြည့်လိုက်တော့ ယွီပင် ပြောသည့်အတိုင်းပင်...သူရှေ့မှာ ရပ်နေတဲ့ ထိုကောင်မလေး သည် သေသွားတဲ့ ရန်ဖေးလီနှင့် ရုပ်ချင်းခွဲမရ အောင်ပင်တူနေသည်။
"မင်းက ရန်ရန်းလီ ဆိုတာလား..."
"ဟုတ်ကိုကို.."
"ဖေးလီ မှာ အမြွှာ ရှိတယ် လို့ ပြောတာ ငါမကြားဖူးပေမယ့်..အခုတွေ့ရတော့လည်း အင်းပေါ့.. ငါ့နာမယ် ဝမ်ရိပေါ်ပါ.. ကိုကို တော့ မဟုတ်ဘူး.."
"ကိုကို့ နာမယ် ဝမ်ရိပေါ်မှန်း ရန်းလီ သိပါတယ် ကိုကို့ရဲ့"
ရန်းလီ ရိပေါ် ကို အရင်လို အထင်နှင့် လက်မောင်းကိုဖက်သွယ် လိုက်သည်။
"Tsk! ငါ့အသား ကို အဲ့လို ထိလား ကိုင်လား မလုပ်ပါနဲ့... ငါ မနေတတ်ဘူး...ပြောစရာ ရှိရင် ထိုင်ပြောရအောင်..."
"sorry ကိုကို..ရန်းလီအရမ်းလောသွားတယ်.. ကိုကို့ ကိုမြင်တော့ မမကို အရမ်းသတိရသွား..."
ရန်းလီပြောနေသည်ကို ပင် ဆုံးအောင်နား မထောင်... ရိပေါ် စိတ်မရှည်စွာယွီပင်အနား သွားလိုက်သည်။
'အေလေ..မောင် ဘယ်စိတ်ရှည်မလား အခု မောင့်ရှေ့ ရပ်နေ တဲ့ သူကိုမောင်က ရန်းလီ လို့ပဲ သိတာကို.. အခုမောင့်ရှေ့ရပ်နေတဲ့ သူသာ ဖေးလီ ဆိုတာ သိရင် မောင်အဲ့လို လုပ်မှာ မဟုတ်ဘူး..'
YOU ARE READING
PLEASE , STAY WITH ME (BJYX , COMPLETE)
Romance⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)