EP9

13.3K 1.2K 45
                                    

မနက် ရောက်တော့...

ရိပေါ် လက်မောင်းပေါ်တွင် ရှောင်ကျန့် အိပ်နေသည်မှာ ယုန်ပေါက်လေးကဲသို့... ရိပေါ် ကိုလည်း အလွတ်မပေးစွာ လက်ရော ခြေရော ဖြင့် ဖက်ထား ခွထားသည်။

"အိပ်ဆော့လိုက်တာ'

"ကိုယ်ပူ ကျသွားလို့ တော်သေးတယ်"

မနက်စောစောဖြစ်တာကြောင့် ရာသီဥတုက အနည်းငယ် အေးနေသယောင်....အေးလို့ ထင်သည် ရိပေါ် သူ့ ရင်ခွင်ထဲ တိုး ဝင်လာသည့် ထိုကောင်လေးကို ကြည့်၍...

"ကိုယ် shooting သွားရတော့မှာ ကောင်လေးရဲ့....တစ်ညလုံး မင်းအလိုကို လိုက်ပြီးပြီပဲတော်ရော ပေါ့..."

ရှောင်ကျန့်ကို ဖြေးဖြေးချင်း နေရာ ချပေးပြီး ရိပေါ် လုပ်စရာ ရှိသည်ကိုသာ ဆက်လုပ်နေတော့သည်။

ရိပေါ် အလုပ်သွားရတော့မည်။ ရှောင်ကျန့် သတိမရသေး.....

ရှောင်ကျန့် ကိုယ်အပူချိန်ကို စမ်းကြည့် မိသည်။ အဖျား တော့ သိပ်မရှိတော့...

ရေဘက်တိုက်ပေး သန့်စင်ပေပြီး ရှောင်ကျန့် ကိုယ် ကို စောင်သေချာ ခြုံ ပေး နေသည့် ရိပေါ်...

သန့်ရှင်းရေး လုပ်ရန် အန်တီလု ဝင် လာတော့ ရိပေါ်က နေမကောင်းသည့် ရှောင်ကျန့် နိုး သွားမည် စိုး၍ ထင်သည် တိုးတိုး နေရန် အမူအရာ လုပ်ပြလိုက်သည်။

ထို့နောက် ရိပေါ် ဖုန်းထဲမှ note book တွင် စာ ရေး ၍ အန်တီလုအား ပြလိုက်သည်။

💌 ညက နေမကောင်း လို့ ဂယောင်ခြောက်ခြား ဖြစ်နေခဲ့တဲ့သူက နိုးလာရင် အကုန်လုံးကို မှတ်မိမယ်တော့ မထင် ဘူး...ဒါတွေ အာလုံး ကျွန်တော် လုပ်ပေး ခဲ့တာ သူ့ကို မပြောပြပါနဲ့...မေးလာခဲ့ရင် အန်တီလု လုပ်ပေးတယ်လို့ပဲ ဖြေပေးပါ....ကျွန်တော် အလုပ်သွားမယ်.. ဆေးသောက်ချိန် ဂရုစိုက်ပါ... သူ စား ချင်တာ အန်တီလု ပဲ လုပ်ပေးလိုက်ပါ...သူ့အနား မှာပဲ ထိုင်စောင့်နေပေး.တစ်ခုခု ဖြစ်ရင် တော့ ဖုန်းဆက်လိုက် ကျွန်တော် shooting ဖျက် ပြီး လာခဲ့မယ်💌

အန်တီလု သဘောပေါက်စွာ ခေါင်း ညိမ့်ပြတော့ ရိပေါ် သူ့ ဖုန်း screen ကို lockပိတ်လိုက်ပြီး ဘောင်း ဘီ အိပ်ထဲ ထည့်ကာ ကားသော့ယူ၍ ထွက် သွားသည်။ ရိပေါ် ထွက်သွားမှ အန်တီလု ပြုံးမိသည်။

PLEASE , STAY WITH ME (BJYX , COMPLETE)Donde viven las historias. Descúbrelo ahora