စီစဉ်ထားခဲ့သည့် ခရီး အချို့ကို ရှောင်ကျန့် အကြောင်းအမျိုးမျိုး ပြကာ ဖျက်ပစ်လိုက်သည်။
"ကိုကို က ကျန့်ကျန့်ကို ဒီလောက် မုန်းနေတာလေ အတူတူ ခရီး ထွက်ဖို့ ဆိုတာ ကိုကို က လက်ခံ မှာလား.. လက်ခံ ခဲ့ရင်ရော ကျန့်ကျန့် တို့ကြား ပျော်ရွှင်မှုဆိုတာ ရှာတွေ့နိုင်ပါ့မလား... အစ တည်းက ကိုကို ကျန့်ကျန့် ကိုမချစ်တာ ကျန်ကျန့် ရိပ်မိပြီးသား ဆိုပေမယ့် ကိုကို ဒီလောက်ထိ မုန်းနေလိမ့် မယ် ကိုတော့ မတွေးခဲ့မိဘူး..ကိုကို့ နှလုံးသားက ပိုင်ရှင် ရှိပြီးသား မှန်း သိခဲ့ရင် ကျန့်ကျန့် ရှေ့ဆက်တိုး မိမယ်လည်း မထင်ဘူး...."
အချစ်ဆိုတာ ရူးမိုက်ခြင်း တစ်မျိုး တဲ့... တစ်ခါတစ်လေ ကိုယ် နာကျင်ရမယ်မှန်း သိရင်တောင် မစွန့်လွှတ်နိုင်တဲ့ အချစ်မျိုး... ကိုယ့်တွက် မသေချာမရေရာ တဲ့ အချစ်တစ်ခုကို မျှော်လင့် နေမိတာ မျိုး..
အမြဲ တောက်ပ နေသည့် မျက်ဝန်း အစုံ တို့ က အခု များတော့ မျက်ရည် စ လေးများ က တွဲခို နေလျှက်...
ငိုရလွန်း လို့လဲ ရှောင်ကျန့် ထပ်မငို ချင်တော့....
ပြုံး လိုက်တိုင်း မင်သပ် စေသည့် ဒီ အပြုံးတို့က အခုများတော့ ညှိုးငယ်စွာ...
ဓာတ်ပုံလေး နှစ်ပုံကို စားပွဲခုံပေါ်မှကောက်ယူကာ ရှောင်ကျန့် အပြုံး မမည် သော အပြုံးတု တစ်ခု ကို ဖန်တီး ကာ ပြုံး လိုက်မိသည်။
"ကိုကို့ အချစ်ကို အရင်ဆုံး ရခဲ့တဲ့ မင်း အရမ်းကံကောင်းတယ် ဖေးလီ....ဒါပေမယ့် တို့ တကယ် စိတ်မကောင်းပါဘူး ကိုကို့ နှလုံးသား ကို တို့ မပိုင်သေးပေမယ့် ကိုကို့ကို အခု တို့ ပိုင်တယ်.... ပိုင်ရှင် ရှိတဲ့ ကိုကို က မင်းကိုတော့ ဆက်ပြီး တမ်းတ မနေသင့်ဘူးလေ.. ဟုတ်တယ်မလား...တို့တောင်းပန်ပါတယ်...တို့လည်း လူထဲက လူသား မို့ အချစ်နဲ့ ပတ်သက်ရင် အတ္တတော့ နည်းနည်း ရှိတယ်..."
မှန်ဘောင်လေး ထဲမှာ ဓာတ်ပုံနှစ်ပုံလုံးကို ထုတ် ကာ ရှောင်ကျန့် နှစ်ခြမ်းဖြဲ ပစ်လိုက်သည်။ ရိပေါ် ပုံကို ဖယ်ကာ ဖေးလီ ပုံကို တစဆီ ဖြစ်သည်ထိ ဖြဲ ကာ လွှင့်ပစ်လိုက်သည်။ ထို့နောက် ရိပေါ် ပုံကို သိမ်းကာ ထို ဓာတ်ပုံ ဘောင်လေး ထဲတွင် သူတို့နှစ်ယောက်၏ wedding photo လေးကို အစားထိုး ထည့်ကာ စားပွဲခုံပေါ်သို့ တင်လိုက်သည်။
YOU ARE READING
PLEASE , STAY WITH ME (BJYX , COMPLETE)
Romance⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)