XZ POV: ကိုကို့ ကို သေသေချာချာ မတွေ့ ရတာ ၁ပတ်ကျော် ရှိပြီ... ဒုတိယ အကြိမ် တွေ့ ပြီး တည်းက ကိုကို ဟာ ကျန့်ကျန့် ကိုတွေ့ရင်တောင် ရှောင်နေတော့ တာပဲ... Weibo မှာ စာပို့တော့လဲ ကိုကိုက ဝင်တောင်မဖတ်ကြည့်ဘူး...စစ်ကျွေးကို မေးကြည့်တော့ ကိုကို မှာ စိတ်ရှုပ်စရာ နည်းနည်း ရှိလို့ပါ တဲ့...ကိုကို့ အိမ်သွားတော့လဲ ကိုကို အလုပ်မအား လို့တဲ့... ဒီရက်တွေ ကိုကို ပွဲတက်စရာလဲ မရှိပဲနဲ့ ပြီးတော့ ရိုက်ကူးရေးတွေလဲ နားထား တာပဲ မဟုတ်လား...ကိုကို က ဘာကိစ္စ တွေ ရှိလို့များ မအားရတာလဲ....ဟွန့်...လက်ထပ်ပြီးမှ မတွေ့ရတဲ့ ရက်တွေ အတိုးချပြီး ကိုကို့ မျက်နှာကို တစိမ့်စိမ့် ထိုင်ကြည့်အုံးမာ်...ဒါပေမယ့် အခုတော့ အရမ်း လွမ်း တယ် ကိုကို...
ရှောင်ကျန့် အတွေး များစွာ ဖြင့် sofa ပေါ်တွင် ထိုင်ကာ ဖုန်း Grallery ထဲမှ ရိပေါ် ပုံ များကို ထုတ်ကြည့်ရင်း ခံစားနေရသည့် အလွမ်းအဆိပ် သည် တစ်ဖြေးဖြေး ဆိုးဝါးလာသဖြင့်...
"အားးးယားးးး... ကိုကိုဝမ်ရိပေါ် ရေ လွမ်းလိုက်တာ.. Weibo တို့ Instagram တို့ Oasis တို့မှာလဲ ပုံလေး ဘာလေး update လေး တင်ပေးပါအုံး.....ဒီမှာ လွမ်းလို့ သေတော့မယ်...ဟူးးးး"
ရှောင်ကျန့် Grallery ထဲမှ ရိပေါ် ပုံများ ကို တစ်ခု ပြီး တစ်ခု ကြည့်ရင်း ထအော်လိုက် သည်။အခန်းထဲ တွင် ရှောင်ကျန့် ပစ္စည်းတွေ ကို သိမ်းပေးနေသော မားမား က....
"ကျန့်ကျန့် လွမ်းရင်လဲ တိုးတိုးသာသာ အော်ပါ ကွယ်...ဒီမှာ မားမား ဖြင့် လန့် သွား တာပဲ..."
"ဟီး မား..သွေ့ပုချိ သွေ့ပုချိ"
"ဒီကလေး နဲ့တော့... ဪ ရိပေါ်နဲ့ လက်ထပ်ပြီးရင် အဲ့လိုလဲ သွား အော်မနေနဲ့အုံး...ကျန့်ကျန့်အသံကို ရိပေါ် ပါလန့်ပြီး ထွက်ပြေးသွားအုံးမယ်"
"ဟော...မားမားနော်...အဲ့ခါကြတော့လဲ ကိုကို့ ကိုနေ့တိုင်းတွေ့ရမှာပဲ ဒီလို လွမ်း ရတော့မှာတောင်မဟုတ်ဘူး..."
"ဟုတ်ပါပြီ ဟုတ်ပါပြီ...ကျန့်ကျန့် ဒီ luggage ကြီးကို ယူလာတာလား"
မြင်လိုက်ရသည့် အစိမ်းရောင် luggage ကြီးကို ရှောင်မားမား သည် ခေါင်းတခါခါဖြင့် ရှောင်ကျန့် ကိုကြည့်ကာ ပြုံးလိုက်မိသည်။
YOU ARE READING
PLEASE , STAY WITH ME (BJYX , COMPLETE)
Romance⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)