"ကိုကို ရာ... ဘယ်တုန်းက ကျန့်ကျန့် ကို နိုင်ဖူး လို့လဲ ပြော... ဟဟ...လာ လုလေ..."
"ကိုကို မိရင် ကျန့်ကျန့် ဘာပေး မလဲ..."
"အာဘွား ပေးမယ်လေ..."
"စိန်ခေါ် တယ်ပေါ့....ရတယ်လေ..."
ရိပေါ် လာလုသည့် basketball ကို ရှောင်ကျန့် က basketball hoop ထဲသို့ ပစ်တင်လိုက်သည်။
တခြား အရာ တွေသာ ရှောင်ကျန့် က ရိပေါ် ကို ယှဉ် နိုင်ချင် ယှဉ် နိုင်မည်။ ဒီနေရာ တော့ ရှောင်ကျန့်ကသာ အမြဲ အနိုင်ရ သည်။နောက် တစ်ဖန် ထပ် ကျလာသည့် Basketball ကိုလည်း ရှောင်ကျန့် အရင် လက်ဦး မှု ရယူ ကာ သူ့လက်ထဲ ဠ် သာ ပုတ်နေသည်။
ရိပေါ် ရှောင်ကျန့် လက်ထဲမှ လု နေသော်လည်း မရ သည့်အဆုံး ရှောင်ကျန့် ခါးလေးကို ဆွဲ ဖက် ကာ လှည့် လိုက်ပြီးနှုတ်ခမ်းပါးလေးကို သာ နမ်း ရှိုက်လိုက်သည်။
ခပ်မြန်မြန် နမ်းပြီး ရှောင်ကျန့် အလစ် မှာ လက်ထဲ က basketball ကို ရိပေါ်ပုတ်ထုတ်ကာ လုယူပြီး ပစ်တင်လိုက်သည်။
"ရေး.... ဝင်သွား ပြီ..."
"အကျင့်ယုတ်...သူများ ကိုနမ်းပြီး ညစ်သွားတယ်"
ရှောင်ကျန့် ကတော့ ပြုံး တုံးတုံး ဖြင့် မျက်စောင်းထိုး ကာ ကြည့်လိုက်သည်။ ရိပေါ် က လက်နှစ်ဖက် ရှေ့ ထုတ်ကာ သူ့ဘက် က ဘဲဥ ကွဲ သွား၍ ဂုဏ် ဆာ နေသည့်အပြုံး...
အခုအခြေ အနေက ကြိုးစား လျှင် မှီနိုင်သေးသည်။
ရိပေါ် ၁မှတ်ရ.. ရှောင်ကျန့် ၁၀ မှတ်ရှိ..."It's Me ...ဝမ်ရိပေါ် တဲ့ တစ်ပေါ် ပဲ ရှိတယ်... နှစ်ပေါ် လည်း ရှိချင် ရှိမှာပေါ့... မသိဘူး..."
"ဟုတ်ပြီ... ကိုကို ကို ကျန့်ကျန့် ၁မှတ်တော့ ပေးလိုက်မယ်...."
"ပါး ကို ညစ်ပြီး မှ ၁မှတ် ရသွား တဲ့ အတွက် ဒီအမှတ်က ပြိုင်ပွဲ မှာ အကျုံး မဝင်ပါဘူး..ဟားဟား"
လက်ခုပ်သံ နှင့်အတူ ထွက်လာသည့် စကားသံ ကြောင့် ကြည့် လိုက်တော့ သား တော်မောင်ရှောင်ရွယ်....
ရှောင်ကျန့်က သူ့သား ကို လက်မ လေး ထောင်ပြ ကာ ထောက်ခံ သည်။ ရိပေါ် ကတော့ Basketball ကို လက် တစ်ဖက် မှ ကိုင်ထား လျှက် ဆူပုတ်ပုတ်ဖြင့် ကြည့်နေသည်။
BINABASA MO ANG
PLEASE , STAY WITH ME (BJYX , COMPLETE)
Romance⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)