EP19

10.9K 940 3
                                    

ရိပေါ် အလုပ်လုပ်နေတာကို ရိပေါ် ကို လာလာ ကလိ နေ သည့်ရှောင်ကျန့်...

"အောဟော...မနေ့ညက ဒီလောက် ထိ ဖြစ်ထားတာတောင် လိုက် ကလိ နိုင်သေးတယ် ဆိုတော့...နောက်ဆို နာတယ် အော်နေလည်း ကိုယ် မသနား တော့ဘူး.."

"အာ ကိုကိုနော်...မနေ့ညက တစ်ခါလေး ကျန့်ကျန့် ကုတင်ပေါ်က ပြုတ်ကျ တာကို...အခုထိ ပြောလို့ကို မပြီးတော့ဘူး..အခု မနာတော့ဘူး ည က ကိုကို ဆေး လိမ်းပေးလို့..ဟီး.."

ရိပေါ် ရယ်နေတော့ ရိပေါ်ကို မျက်စောင်းလေး ထိုးကာ လက်လေး ပိုက်၍ ကြည့်နေလေသည်။

"ကိုကို နော်... ရယ်ပြန်ပြီ... ကျန့်ကျန့် ကုတင်ပေါ် က ပြုတ်ကျတာ ကိုကို့ကြောင့်လေ..ကိုကို ကလိ လိုက်ထိုးနေတာတော့ ရွေ့ရင်း ရွေ့ရင်း အခန့်မသင့်ပြုတ် ကျသွား တာကို.."

"ကိုယ့်အမှား ပါ ဗျာ...ဟုတ်ပြီလား... အခု တော့ ကိုယ့် အနား ခဏ လာအုံး.."

အခုကြတော့လည်း သူမဟုတ်သလို လက်နှစ် ဖက် လှမ်း ကာ စီးကြို နေသည့် ရိပေါ် ရဲ့ ရင်ခွင် ထဲ ကို ကလေးလို ပြေး ဝင်လာပြီး ထိုင်နေသည့် ရိပေါ် ပေါင်ပေါ် ခွ ထိုင်ကာ.... ရိပေါ်ကို တစ်ချက်ပြုံးပြပြီး ဖက်သွယ်ထားသည်။

"အင်း..ကိုကို..."

"ကိုယ့်ကို ဖက်ခိုင်းတာ မဟုတ်ဘူး.. ဒီမှာ..."

ရှောင်ကျန့်ကိုယ်လေးကို ပခုံးမှ ကိုင်ကာ မျက်နှာလေးကို တည့်တည့်ကြည့်လိုက်သည်။

"ဒီ ဆံပင်က ရှည်မနေလွန်းဘူးလား ယုန်ပေါက်လေးရယ်"

ရှောင်ကျန့် နဖူးပေါ် ခပ်ဝဲဝဲကျနေသည့် ဆံပင် စလေးတွေကို လှန်တင်ကာ ရိပေါ် သူ့ခေါင်းမှ ကလစ်လေးကို ဖြုတ်၍ ထိုးပေးလိုက်သည်။

"ကဲ...ပြီးပြီ...ယုန်ပေါက်လေး...ကိုယ်ပြောတယ်..ဆံပင်သွားညှက်မလား ဆို...မင်းက အမြဲငြင်းတယ်...အခုတော့ ဒီဆံပင်တွေ မျက်လုံးကိုလာလာစူးနေပြီ မလား..နောက်နေ့ ကိုယ်နဲ့ ဆံပင်သွားညှက်မယ်..အခု ဒီ ကလစ်လေး ထိုးသွား..."

"ကလစ် ပန်တာ မိန်းကလေးတွေပဲ ပန် တာကို.."

"ဟော...ဒါက မိန်းကလေးတွေ ပန်တဲ့ အလှ တပ်ကလစ်မှ မဟုတ် ဒီယုန်ပေါက် နော်...ဉာဏ်နီ ဉာဏ်နက်ဆို တော်တော်များ... မရဘူး တပ်ထား... "

PLEASE , STAY WITH ME (BJYX , COMPLETE)Where stories live. Discover now