ရိပေါ် ပြန်ရောက် လာတော့ အိမ်ရှေ့မှာ ငုတ်တုတ်လေး ထိုင်နေတဲ့ရှောင်ကျန့်...
ရိပေါ် ရှောင်ကျန့်မျက်နှာလေးကိုနူးနူးညံ့ညံ့လေး ကြည့်ကာ ပြုံး လိုက်သည်။
"ကျန့်ကျန့်"
ငုတ်တုတ်လေး ထိုင်နေသည်မှာ ပုံပင်မပျက်...ရှောင်ကျန့် ကိုပခုံးလေး လှုပ်ကာ..
"ကျန့်ကျန့်လေး... "
အတွေးလွန်နေသည့် သူက ထိုအခါ မှ ရိပေါ်ကို မော့ကြည့်လာသည်။ ရိပေါ်ကို ပြုံး ပြလာသည့် အပြုံးကြောင့် ရိပေါ် စိတ်ထဲ လေးလံ သွားသည်။ ပုံမှန်မဟုတ်သည့် ထိုအပြုံး က ရိပေါ် အရင်က တွေ့နေကြ အပြုံး မျိုး မဟုတ်... အပြုံး ဟု မမည်သော အပြုံးတစ်ခု...
"ကြာလိုက်တာ ကိုကို ရယ်..."
ရိပေါ် ငုတ်တုတ်လေး ထိုင်နေသည့် ရှောင်ကျန့်ရှေ့တွင် သူပါ ဒူးလေးကွေး၍ ထိုင်ချလိုက်သည်။
"ကိုကို့ ကျန့်ကျန့်လေး ဘာဖြစ်လို့လဲ...ကိုကို့ ကိုပြော..."
"ဟင့်အင်း..."
"ဟုတ်လို့လား...ကိုကို နောက်ကြလို့ ဒီက ကလေး ပေါက်စ က စိတ်ဆိုး နေတာ များလားလို့..ဟီး.."
"မဟုတ်ပါဘူး...."
ရိပေါ် ရှောင်ကျန့်စား နေကြ Snackအထုပ် လေးကို ရှောင်ကျန့် ရှေ့မှာ လှုပ်ပြလိုက်သည်။
"ဘာလဲ... ကိုကိုက ကျန့်ကျန့်ကို ကလေးတွေလို မုန့်နဲ့ ချော့တာပေါ့...ဟွန့်..ပေး"
ရိပေါ် လက်ထဲ မှ မုန့်ထုပ်လေး ကို လုကာ ရှောင်ကျန့် ချက်ချင်းဆိုသလို ပင် မတ်တပ် ရပ်လိုက်သည်။
ရိပေါ် ထိုအခါမှ ထကာ ရှောင်ကျန့် ကို စိုက်ကြည့်နေမိရင်း နှုတ်ခမ်းတစ်ဖက်သာ ခပ်မြင့်မြင့်ပြုံး လိုက်သည်။
ရှောင်ကျန့် ပါးကို လှမ်းနမ်းလိုက်ပြီး ကိုယ်လေးကို ဆွေ့ခနဲ့ ပွေ့ချီလိုက်သည်။"အာ့...ကိုကို.."
"မလှုပ်နဲ့နော်...လှုပ်တာနဲ့ကိုကို က ပစ်ချလိုက်မှာ...အဲ့တာကြောင့် ကိုကို့ကို သေချာ ဖက်ထား... "
"ဟော ဖက်ထား ပါဆို ဗျာ...ဒီ ကလေးကတော့"
ရှောင်ကျန့် ရိပေါ် ရဲ့ လည်တိုင်ကျော့ကျော့ လေးကို လက်နှစ်ဖက်ဖြင့် ဖက်သွယ်လိုက်သည်။ မုန့်ထုပ်လေး ကိုလည်း လက်မှ ကိုင်ထားလျှက်....
YOU ARE READING
PLEASE , STAY WITH ME (BJYX , COMPLETE)
Romance⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)