AN: အပေါ်က သီချင်းလေး လိုင်းကောင်းရင် နားထောင်ကြည့်နော် 💚
-
-ရိပေါ် သူ့တစ်ကိုယ်လုံး မှန်ထဲ လှည့် ကြည့် လိုက်သည်။ ယုန်ကိုက်ရာ တို့က နေရာ လပ်ပင် မရှိ.. အညို ရောင်အကွက် များက ရိပေါ် ကိုယ်ပေါ် တွင် ထင်းနေအောင် ပင် စီချယ် ထားသည်။
ရိပေါ် မှန်ထဲမှ သူ့ ပုံကို သူကြည့်ကာ ရယ်လိုက်မိသည်။
"မင်း အရမ်း ဆိုး လာတာပဲ ရှောင်ကျန့်.."
********
ရိပေါ် တစ်ယောက် ဟင်းချက်နည်း စာအုပ်ကို ကိုင်ကာ အိုး ထဲသို့ ကြက်အကောင်လိုက် ထည့်ပြီး ပြုတ်နေသည်။
ကြက်သွန်နီ လှီးရင်း လည်း ရိပေါ် တစ်ရှုတ်ရှုတ် ငိုနေမိသည်။
"ဟင့်.. ငါ shooting သွားလို့ ငိုရမယ့် အခန်းတွေ ရောက်ခါနီးဆို ကြက်သွန်နီ ထိုင်လှီး နေရမယ်..ရွှတ်.."
လှီးထားသည့် ကြက်သွန်နီတွေကို ရိပေါ် အိုးထဲ ကောက်ထည့်လိုက်သည်။
"အင်း ရေးထားတာ ဆား အနည်းငယ် ထည့်ပါဆိုတာ
တစ်ဇွန်းကို ပြောတာလား..နှစ်ဇွန်းကို ပြောတာလား..သုံးဇွန်း ကို ပြောတာလား..."ရိပေါ် စဉ်းစားရင်း ခေါက်း ရှုပ်လာသည်မို့ ဆားထည့်ထားသည့် ခွက်ကိုသေချာ ကြည့်နေသည်။
"တောက်.... အမှန်ဆို ဒီစာအုပ်က ဒီထက် စေ့စပ်သေချာနေရမှာ... ဆား ထည့်ဆို ဘယ်နှဇွန်းထည့် မဟုတ်ပဲ ဘယ်နှပွင့်ထည့်.. အဲ့ထိ စေ့ စပ်သေချာအောင် လုပ်ရမှာပေါ့... ဟူး."
အန်တီလုက မီးဖိုးချောင် ထဲမှ ပစ္စည်း ပြုတ်ကျသံ ပေါင်းစုံ ကြားနေ ရသည် မို့ အခန်းထဲမှ ပြေးထွက်လာသည်။ ရိပေါ် ကိုမြင်တော့ အံသြသွားသည်။ မနက်၆နာရီကျော်ကျော်သာ ရှိသေးသည် ရိပေါ်တစ်ယောက် apron လေးဝတ်ကာ ဟင်းချက်နေပြီ။ ပိုထူးဆန်း သည်မှာ ရိပေါ် ဟင်းမချက်တတ်ပဲ ချက်နေခြင်းသာ။
"ရိပေါ်...ဘာတွေ လုပ်နေတာလဲ ဟင်.."
အန်တီလုကို မြင်တော့ ရိပေါ် သူခိုး လူမိ သလို...
"အားမရှိတော့ တဲ့ သူကို စွတ်ပြုတ် တိုက်ရမယ် ဆိုလို့..ဟို ကြက်အကောင်လိုက်တွေ့လို့ စွတ်ပြုတ်လုပ်နေတာ.."
YOU ARE READING
PLEASE , STAY WITH ME (BJYX , COMPLETE)
Romance⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)