Ep29

12K 960 24
                                    

"ဝါးးး... ပါးရဲ့ ရှောင်ရွယ်လေး က နိုးနေပြီလား..."

လက်ဖဝါးလေး နှစ်ဖက် ကို ဆုပ်လိုက်ဖြန့် လိုက်ဖြင့် ကျွန်တော့် ကို ခေါ်နေတဲ့ သားလေး နား သွားကာ ခပ်ဖွဖွလေး မွေးကြူ လိုက်သည်။

ကြီးလေ ကြီးလေ ရှောင်ရွယ်လေးက သူ့ ပါးပါး နဲ့ တူလေ... ရှောင်ကျန့် သူ့ သားလေးရဲ့ လက်နှစ်ဖက် ကိုဆုပ်ကိုင်ရင်း ခပ်ပြုံးပြုံး ဖြင့် မျက်စောင်း လေးထိုး ကာ....

"ပါးနဲ့ သာ တူရင် ရှောင်ရွယ်လေးက အရမ်း ချောမှာ ဟွန့်... နောက်နေ့ ကြရင် အခန်းထဲက ဝမ်ရိပေါ် ဆိုတဲ့ လူကြီး ရဲ့ ပုံ တွေ ကပ်ထားတာကို ပြန် ဖြုတ်ပစ် အုံးမှ... အခုတော့ အဲ့လူကြီး ပုံ တွေ ကြည့် ပါများ ပြီး ရှောင်ရွယ်လည်း ဝမ်ရိပေါ်ပေါက်စ လေးကိုကျလို့.. သား က တစ်နေ့ တခြား အဲ့လူကြီး နဲ့ ပဲ ပို ပို တူ လာပြီ... ရုပ်မပြောနဲ့ အကျင့်ကစ အဲ့လူကြီး နဲ့ တပုံစံ တည်း ထွက်နေလို့ ပါးရဲ့ ဝမ်ရှောင်ရွယ် လေး ကို အားလုံးက ဝမ်ချေချေ လေးလိုတောင် ခေါ်ကုန်ပြီ"

AN: ရှောင်ကျန့်ကို ပါး လို့ပဲ သုံး ထားတယ်.. ရိပေါ်ကို ပါးပါး လို့ သုံး ထား တယ်နော်.. ကလေးကတော့ သာသာ့ ဟာပေါ့:))

ခပ်နွေးနွေး ဖြစ်မည့် ဝတ်စုံလေးကို ဝတ်ပေး လိုက်ပြီး
ရှောင်ရွယ်လေးကို baby sling carrier လေး ထည့် ကာ ရှေ့ သိုင်း လွယ်လိုက်သည်။ ပန်းချီဆွဲရန် ခပ်သေးသေး အဖြူရောင်ကားချပ်နှင့် လိုအပ်သည့် Tool တွေကို အိတ် ထဲ ထည့်ကာ ကျောနောက်မှာ တစ်စောင်း လွယ်လိုက်သည်။

ဝတ်စုံ fashion ကို ဆင်တူ လေးဝတ်ပြီး ဆင်း လာသည့် သားအဖ ကို ရှောင်ယွီ က ခပ်ပြုံးပြုံး ကြည့်ရင်း....

"ကျန့်ကျန့်... အပြင်သွား မို့လား..."

"ဟုတ်မားမား... ပန်းခြံ မှာ အပျင်း ပြေ လေကောင်းလေသန့် ရှု ရင်း ပန်းချီ လေး ဘာလေး သွား ဆွဲ အုံးမယ်..."

နွေး ဖြဖြ နေရောင်ခြည် လေး အောက်မှာ ရင်ခွင် ထဲ က ရှောင်ရွယ်လေး ကတော့ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့်...

"ပါး သားလေးရဲ့ နဖူးမှာ လိပ်ပြာလေးက လာနားနေပြန်ပြီ..."

ရှောင်ကျန့် အသံကြောင့် ပျံသွားတဲ့ လိပ်ပြာလေးကို ရှောင်ရွယ်က တစ်ဆုံးငေးကြည့်နေပြန်သည်။

PLEASE , STAY WITH ME (BJYX , COMPLETE)Where stories live. Discover now