EP8

13.6K 1.2K 42
                                    

"ရှောင်ကျန့်!!!"

ရှောင်ကျန့် လဲကျ သွားသည့် တခဏ တုန်လှုပ် သွားသည့် နှလုံးသား နောက် ရိပေါ် ရှောင်ကျန့် ကိုယ် ကို ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ ပြုတ်ကျမသွားအောင် ရှောင်ကျန့် ကိုယ်လေးကို ထိန်းထားသေးသည်။

အပေါ် ထပ်မှ ဆူညံ နေသည့် အသံကြောင့် အန်တီလုနဲ့မိန်းမိန်းလည်း အလန့်တကြားပြေးတက်လာကြသည်။

"ရေဘက် တိုက်ပေးဖို့လို တယ်..သူ အဖျားတွေ အရမ်းတက် နေလို့.. ပြီးတော့ ကျွန်တော့်ရဲ့ personal Dr. ဆီ ဖုန်းဆက်လိုက်..."

ရိပေါ် ပုံမှန်အတိုင်း စေခိုင်း လိုက်သည် ဖြစ်သော်လည်း ရိပေါ် အသံမှာ အနည်းငယ် တုန်လှုပ် နေလျှက်.. ထို့နောက် ရိပေါ် ရှောင်ကျန့်ကို ပွေ့ချီ ကာ အခန်း ထဲ ဝင်လာသည်။

ကျန်ခဲ့သည့် မိန်းမိန်းက ကြမ်းပြင်ပေါ် ကျကွဲနေသည့် ဓာတ်ပုံလေး နှစ်ပုံကို ကောက်ကာ...

"အကိုလေး ရိပေါ် က အရင်က ဒီလိုမှ မဟုတ်ခဲ့တာ...ဘာလို့ ချက်ချင်းကြီး ပြောင်းလဲ သွားရတာလဲ..."

*******

ဆရာဝန်ထွက် သွားသည့် နောက် ရိပေါ် ရှောင်ကျန့် ဘေး နား ဝင်ထိုင်ကာ...

"ငါ လုပ်ရပ် တိုင်း ကို ငါ ဘယ်တုန်းက မှ နောင်တ မရ ခဲ့ဖူး ဘူး.."

"ရိပေါ်...အန်တီလု ဝင်လာမယ်နော်"

ရေချိုးခွက် သာသာရှိသည့် ဇောက်နက်နက် ဖန်ခွက် ကို ကုတင်အနီးရှိ စားပွဲပေါ် တင်ကာ အဝတ်စ ကို ရေညှစ်နေသော အန်တီလု... ရှောင်ကျန့် ကို ရေဘက် တိုက်ပေး ရန် ပြင်လိုက်သည်။ သို့သော် ထိုလက် တို့သည် ရှောင်ကျန့် အနား သို့ မရောက်ခင်...

"ကျွန်တော် လုပ်ပေး လိုက်မယ်...အန်တီလု တို့ နား တော့"

အန်တီလုက ထူးဆန်းစွာကြည့်လာသည် မို့..

"ည ညဥ့်နက်နေပြီ...ကျွန်တော် ဆက်လုပ်လိုက်မယ်... သူ့ကို လုပ်ပေး ချင်လွန်း လို့တော့ မဟုတ်ဘူး..အန်တီလု လည်း အသက်ကြီးဖြစ်ဆိုတော့ စောစောအနားယူ သင့်တယ်မလား"

အန်တီလု လည်း အခြေ အနေကို နား လည်သည်မို့ ရိပေါ် ပြောသည့်အတိုင်း သာ နာခံ လိုက်သည်။

PLEASE , STAY WITH ME (BJYX , COMPLETE)Where stories live. Discover now