EP15

16.4K 1K 63
                                    

ရိပေါ် တစ်ယောက် ကုတ်ချောင်း ကုတ်ချောင်း နှင့်...အပေါ်ထပ်မှ အောက်ထပ် တက်လိုက်ဆင်းလိုက် ဂနာမငြိမ်.....

အန်တီလု နှင့် ဟင်းချက်ရင်း ပျော်နေသည့် ထိုကောင်းလေးရဲ့အပြုံးတွေကို ရိပေါ် ခိုးခိုးကြည့်ပြီး တစ်ယောက်တည်း ရင်ထဲ ဖိုးသိုးဖက်သပ် နှင့်...

ရယ်လိုက်တိုင်း ပေါ်လာသည့် ပါးချိုင်ရေးရေးလေးသည် ရိပေါ် ကို လုံးဝ ကျရှုံး စေသည့် အကြောင်းရင်း....

ရယ်လိုက်တိုင်း ခပ်မှေးမှေး လေး ကျဉ်းမြောင်းသွားသည့် မျက်ဝန်း လေး တစ်စုံ သည် ရိပေါ် ကို ကျရှုံး စေသည့် အကြောင်း အရင်း နောက်တစ်ခု....

ယုန်လေး တစ်ကောင်လို ဖြူစင်ပြီး ချစ်ဖို့ ကောင်းသည့် ဒီကောင်လေး ကို တဖြေးဖြေး နှင့် ရိပေါ် နှလုံးသားက လက်ခံ လာသည်။ မသိစိတ်က ထိုကောင်လေး အပေါ် ချစ်မိသော်လည်း သိစိတ်တို့က မဝံ့ရဲ....

လူမိသွားတော့ လည်း ခပ်တည်တည်ပင်....
ရေခဲသေတ္တာလေးကို ဆွဲဖွင့် ကာ ရေသောက်ပြီး ပြန်ထွက်သွားသည်။

ရိပေါ် ထိုနား တွင်သာ သားကောင် တွေ့သည့် စွန်ရဲ တစ်ကောင် လို မခွာနိုင်မရပ်နိုင် နှင့် တဝဲလည်လည်ဖြင့် ရှောင်ကျန့်ကို နည်းမျိုးစုံ ဖြင့် ခိုးကြည့်နေသည်။ ရှောင်ကျန့်ကိုကြည့်ရင်း ရိပေါ် ရေ ဆာလာသည်။
နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ တံတွေးအချို့ကို မျိုချလိုက်သည်။

'ဂလု'

ရိပေါ်ကို မြင်သွားသည့် အန်တီလု က....

"ရိပေါ် "

"အဟမ်း"

ရိပေါ် အန်တီလုအသံကြောင့် ခန္ဓာကိုယ်လေး မတ်ကာ ချောင်းဟန့်လိုက်ပြီး Kitchen roomထဲ ဝင်လာသည်။

"ရိပေါ် ဘာလိုချင်လို့လဲ... အန်တီလုကို ပြောလေ..."

"ရေ... ရေ လာ သောက်တာ"

"ဟင်...ကိုကို...ရေလာလာ သောက်နေတာ ၁၃ခါတောင်ရှိနေပြီလေ...ကျန့်ကျန့် အခေါက်ရေ ရေနေတာ"

"ဒါ..ဒါက... ကျန်းမာရေး အရ...ရေများများ သောက်ဆိုလို့ လေ..."

"ရိပေါ်လေး ပင်ပန်း နေမှပေါ့ ရေဘူးယူ သွားလည်း ရသားနဲ့...."

PLEASE , STAY WITH ME (BJYX , COMPLETE)Donde viven las historias. Descúbrelo ahora