EP30

14K 1K 22
                                    

နားထဲ မှာ သံပြန်အထပ်ထပ် ကြား နေရတဲ့ စကား ကြောင့် တွေးဝေ စွာ ရပ်နေမိတယ်...
ခင်များ ကို ကျွန်တော် ဘဝ ထဲမှာ အလိုကို မရှိတာ တဲ့လား ကျန့်ကျန့်ရယ်...
ကိုယ် မုန်းလှ ပါတယ် ဆိုတဲ့ ပိုးသတ်ဆေး နံ့ ခပ်စူးစူး နှင့် အခန်း ကျဉ်းလေးထဲမှာ တစ်နီးပါးရှင်သန်နေခဲ့ရတယ်....
အိပ်ပျော် သွားရင်တောင် နောက်တစ်ကြိမ် ပြန်မနိုး ထနိုင်တော့မှာ ကိုယ် ကြောက်ခဲ့ရတယ်...
အသက်ရှင်မို့ ရာခိုင်နှုန်း နည်း ခဲ့တာ တောင် ကိုယ်အားတင်း ပြီး ရှေ့ဆက် ခဲ့ရတယ်....
ဘာကြောင့် လဲ ဆို....
ကိုယ့်ဘဝ ထဲ မှာ မင်းရှိနေလို့ ကျန့်ကျန့်လေးရဲ့..
ကိုယ်မင်းအနား က ထွက် မသွား နိုင်သေးလို့....
အခု ကိုယ်မင်း ရှေ့ ရောက်လာ နိုင်ပြီလေကွာ....
ကိုယ်လိုက်လာ ခဲ့တာ ဒီလို စကား မျိုး ကြား ချင်ခဲ့လို့မှ မဟုတ်ပဲ....

ရှောင်ကျန့် အနောက်ကို အနှေး နဲ့ အမြန် လိုက် လာ ခဲ့သည်။

"ကျန့်ကျန့် ကိုယ် ရှင်းပြတာ ကို ခဏ လေးပဲ နားထောင်ပေးပါ... ကိုယ် မင်းကို တကယ် ချစ်ခဲ့တာပါကွာ... ဒီ တစ်ခါ ပဲ ဒီတစ်ခါ တည်းပါ ပဲ ကိုယ့်ကို အခွင့် အရေး ပေး ပါ..."

"လွှတ်... ခင်များ ကျွန်တော့် အိမ်ထဲ က အခု ထွက်သွား... "

"ကိုယ်မင်းကို အရမ်း ချစ်တယ်..."

ရိပေါ် ရှောင်ကျန့်ကို အနောက်မှ ပွေ့ဖက်ထားလိုက်သည်။ ဖက်တွယ်လာတဲ့ လက်တစ်စုံကို ဆွဲဖြုတ်လိုက်သည်။

"ကျွန်တော် ခင်များ အရမ်း မုန်းတယ်... ထွက်သွား...ကျွန်တော့ အိမ်ထဲကနေ အခု ထွက်သွား..."

အခန်းထဲ အတင်းဝင်က တံခါးကို ဝုန်း ခနဲ ပိတ်လိုက်သည်။ တံခါး ကို မှီရင်း စိတ်ပျက်စွာ ထိုင်ချ လိုက်သည်။ ရင်ခွင်ထဲက ရှောင်ရွယ်လေးကလည်း ငို လို့...

ခပ်တိုးတိုး စကားသံ က တံခါး ရဲ့ တစ်ဖက် မှ တိုးဝင်လာသည်မို့ နားထောင်နေမိသည်။

"ဒီလိုတော့ မနှင်ထုတ် ပါနဲ့ကွာ...ကိုယ်မနှောက်ယှက်တော့ ပါဘူး....
ဒါပေမယ့် မုန်းတယ် ဆိုတဲ့ စကား ကိုတော့
ထပ်ခါထပ်ခါ ဖန်းတီး ပြီး ကိုယ့် ကို မပြောပါနဲ့လား...
ကိုယ်တကယ် မခံနိုင်စွမ်း မရှိလို့ပါ....
ကိုယ် မင်းနားက ထွက်သွားပေးမှာပါ...
ဒါပေမယ့် မင်းလိုအပ်တဲ့ ချိန်တွေတိုင်းမှာ ကိုယ် အမြဲ ရှိနေမှာပါ.....ပြီးတော့ ကိုယ် မင်းကို အရမ်း ချစ်တာလည်း ယုံပေးပါ... ကိုယ့်ဘဝ မှာ မင်း နဲ့ သား လေး ကို တကယ် လိုအပ်တာပါ... ဘယ်လို အကြောင်းရင်းကြောင့် မင်း ထွက်သွား မှန်း...ဘယ်လို အကြောင်း ရင်းတွေကြောင့် မင်းကိုယ့်ကို ဒီလောက်ထိ မုန်းသွားမှန်း ကိုယ် အဖြေ ရှာ မရ ခဲ့ဘူး.... နာကျင် စေခဲ့ မိတဲ့ အတွက် ကိုယ်မင်းကို တောင်းပန်ပါတယ်.. "

PLEASE , STAY WITH ME (BJYX , COMPLETE)Where stories live. Discover now