Flashback Starts....
လွန်ခဲ့တဲ့ ၁၈နှစ်ကျော် ပေကျင်း မြို့ ရဲ့ တစ်နေရာ......
ရှောင်ယွီ ( ရှောင်ကျန့်မားမား ) သူ့ အိမ်လာလည်သည့် ဝမ်ရိပေါ် ဆိုတဲ့ ကလေးလေး ကို မုန့်လေး ခွံ ကျွေးနေသည်။
"ဟီး စားကောင်း လိုက်တာ...တီတီရော စားလေ"
ဒီကလေးက သူ့အိမ် သူ မကပ်... မိုးလင်းမိုးချုပ် ရှောင်ယွီ အနား သာကပ်နေသည်။ အကြောင်း ရင်းက တခြား မဟုတ်...
"တီတီ... ဝမ်လေး ရဲ့ ကောင်မလေး ကို ဘယ်တော့ မွေးပေး မှာလဲဟင်...မားမားက ပြောတယ်... တီတီဗိုက်ဗိုက်ထဲ မှာ ဝမ်လေး ရဲ့ ကောင်မလေး ရှိတယ်တဲ့...အဲ့တာ ဟုတ်လားဟင်"
စကား မပီ တပီ နှင့် ၃နှစ်ကျော် ၄နှစ်နီးပါးသာရှိသေးသည့် ရိပေါ်လေး.... မုန့်ပေ နေသည့် ပါးလေး နှစ်ဖက်ကို tissue လေး ဖြင့် သုတ်ပေးရင် ရှောင်ယွီ သဘောကျစွာ ရီလိုက်သည်။
"ဟုတ်တာပေါ့... ရိပေါ်လေး ရဲ့..."
"ဟီး... တီတီ ဝမ်လေးရဲ့ ကောင်မလေးကို မြန်မြန်မွေး ပေး နော်...ဝမ်လေးက အများကြီး ချစ်ပေးမှာ..."
"အများကြီးဆိုတာ ဘယ်လောက်တုန်း တီတီ မသိလို့"
ရိပေါ် လေးက ထိုင်ခုံပေါ်မှ မတ်တပ်လေး ထရပ်ကာ လက် နှစ် ဖက်ကို ပင့်မြောက်ပြီး ကလေးတွေ ထုံးစံအတိုင်း ကမ္ဘာကြီးပုံစံ လုပ်ပြသည်။
"ကမ္ဘာကြီးလောက်..ဟီးဟီး"
"တီတီရဲ့ ကလေးလေး ကို ဝမ်လေးက အဲ့လောက် ချစ်ပေး ပဲ ချစ်ပေး မှာပေါ့လေ..ဒါဆိုရင်တော့ မဖြစ်ဘူး.."
ရိပေါ်လေး ခေါင်းလေးကုတ်ကာ စဉ်းစား နေသည်။
"ဒါဆို ကမ္ဘာကြီး ထက် ချစ်လို့ ရသေး လာဟင်...ဒါဆို ဝမ်လေး ကမ္ဘာကြီးထက် ချစ်ပေးမှာရပေါ့"
"ကဲ..ဟုတ်ပါပြီရှင်...အခုတော့ အားရှိအောင်ဒီမုန့်လေး ကုန်အောင် စား ပါအုံး..."
ငယ်သူငယ်ချင်းတွေ ဖြစ်တဲ့ မိဘချင်းက ထုံးစံ အတိုင်း
သားသမီး ချင်း အရွယ်ရောက်လျှင် နေရာ ချပေး ကြရန် ရည်ရွယ်ခဲ့သည်။*****
"ဝမ်လေး ရဲ့ ကောင်မလေး ကို ကြည့်ချင်ပြီ...မားမား..."
YOU ARE READING
PLEASE , STAY WITH ME (BJYX , COMPLETE)
Romance⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)