လူကြီးတွေ ပြန်သွားသည့်နောက် ရိပေါ် ရှောင်ကျန့် လက်ကို တရကြမ်းဆွဲကိုင် ကာ အပေါ်ထပ်သို့ ခေါ်လာ သည်။
"အာ့...ကိုကို...နာ တယ်.."
"sပါးစပ် ပိတ်ပြီး လိုက်... "
ရှောင်ကျန့်ဘာမှ မပြော။ ရိပေါ် ဆွဲခေါ်ရာ နောက်သာ လိုက်လာခဲ့ သည်။ အခန်းထဲ ရောက်တော့ ရိပေါ် ရှောင်ကျန့် ကိုယ်လုံး လေးကို အားဖြင့် တွန်း ချလိုက်သည်။ ရှောင်ကျန့် ကြမ်းပြင်ပေါ်သို့ ခွေလျှက်လေး ပြုတ်ကျ သွားသည်။
ချက်ချင်းပြန်မထနိုင်။ တစ်ကိုယ်လုံးလည်း နာကျင်မှု မှာ ကြားလပ်မရှိ။ ထို့ကြောင့် ရိပေါ် မျက်နှာကို သာ မရဲတရဲ မော့ကြည့်လိုက်သည်။
ရိပေါ် အားဖြင့် အိပ်ယာခင်းစ တွေကို ဆွဲ ချွတ်ပြီး လုံး၍ ရှောင်ကျန့်မျက်နှာကို ပစ်ပေါက်လိုက်သည်။
"ဒီ ဟာတွေ အကုန် မင်းလျှော်ရမယ်...ပြီးတော့ ငါ့အဝတ်တွေရော... တခြားသူကို လျှော်ခိုင်းကြည့် မင်း အသေပဲ... လက်နဲ့လျှော်နော်...စက်နဲ့လုံးဝ မလျှော်နဲ့..."
"ဟို ကျန့်ကျန့် အဝတ်မလျှော်တတ်ဘူး..."
"မလျှော်တတ်ဘူး လား.. ယောက်ျား ယူ ပြီး ငါက မင်းကို ငါက ပိုးမွေး သလို မွေးထားစရာလား..မင်းနဲ့ငါ လင်မယား အရာမြောက်တဲ့ မနေ့ညက မင်းနေရာ မင်းသိလား... ငါက ဒီအိမ်က အိမ်ထောင်ဦးစီး ယောက်ျားနေရာ...မင်းက ငါ့အောက်မှာပဲ အမြဲ နေရမယ့် မိန်းမနေရာ...ဟက်....အဲ့တော့ မိန်းမတွေ တာဝန်က အခု မင်းတာဝန်ပဲ....ဒီ အိမ်အလုပ်တွေ အားလုံးကို မင်း တစ်ယောက်တည်း လုပ်ရမယ်..."
"ဒါပေမယ့်..."
ရိပေါ်၏ အကြည့်တို့ကြောင့် ရှောင်ကျန့်ကြောက်၍ ဘာမှ ပင်ပြန်မပြောရဲတော့....
ရှောင်ကျန့် သူဆီ ရိပေါ် ပစ်ပေးသမျှ အဝတ်တွေရော အိပ်ယာခင်း စတွေရော တစ်ခုဆီ ပြန်ကောက်ကာ လက်ထဲ ပိုက်ထား၍ ခေါင်းသာ တစ်ဆတ်ဆတ် ညိမ့်နေသည်။
"ငါပြောနေရင် မင်းပြန်မဖြေတတ်ဘူးလား"
မေးမှ ဆွဲကိုင် ကာ အပေါ်စီးမှ ကြည့်၍ ရိပေါ် ပြောလိုက်တော့... ခန္ဓာ ကိုယ်လေး တုန်တက်သွားကာ မရဲတရဲ ပြောလာသည်။
JE LEEST
PLEASE , STAY WITH ME (BJYX , COMPLETE)
Romantiek⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)