"ကျန့်ကျန့်.."ရိပေါ် ရောက်လာခဲ့ တော့ ရှောင်ကျန့် က တစ်နေရာရာ ကို ထွက်သွား တော့မည့် ပုံ....
ခပ်မို့မို့ လေး ဖြစ်နေသည့် မျက်ဝန်းတွေကြောင့် ရှောင်ကျန့် ငို ထား မှန်း သိသာနေသည်။
ရိပေါ် ရှောင်ကျန့် အနား စိုးရိမ် တကြီး ပြေးလာကာ လက်ဖဝါးပြင် လေးကို ဆုပ်ကိုင်လိုက်သည်။
"ဘယ်...ဘယ်သွားမလို လဲ ဟင်..."
ရှောင်ကျန့် က ရိပေါ် ကိုဘာမှ မဖြေ.... ရိပေါ် လက်ကို ဆွဲ ဖြုတ် လိုက်သည်။ နာကျင်မှုတွေ ပြည့် နှက်နေသည့် အပြုံး တစ်ခု ဖြင့်သာ တုံ့ ပြန်သည်။
"ခင်များ တော်တော် ဟန်ဆောင် ကောင်းတာပဲ..."
သူ့ကို နား မလည် သလို ကြည့်နေသည့် ရိပေါ်ကြည့်ပြီး ရှောင်ကျန့် ခပ်လှောင်လှာင်ရယ် သည်။ ပြီးတော့ သူ့ဖုန်းနှင့် ပိုက်ဆံ အိတ်ကို ယူကာ ထွက်သွား ဖို့ ပြင်သည်။
"ကျန့်ကျန့်..."
ရှောင်ကျန့် ထွက်သွားမှာ... ရှောင်ကျန့် သူ့အနား မှာ မရှိတော့မှာ... ရှောင်ကျန့်ကို ဆုံးရှုံး ရမှာ ရိပေါ် ကြောက်သည်။ ထွက်မသွား ပါနဲ့ လို့ သူ တားနေပေမယ့် မနေချင်တဲ့ သူကတော့ အတင်း ရုန်း နေလေရဲ့...
"ကိုယ်တောင်း ပန်တယ်...ထွက်မသွားပါနဲ့..."
ရိပေါ် အတင်း ဖက်ထားမိသည်။
"ဘယ်မှ မသွား ပါနဲ့ကွာ...ကိုယ်တောင်းပန်ပါတယ်..."
"အာ့.. လွှတ်.. ကျွန်တော်..."
ရှောင်ကျန့် က နေမကောင်း သေး... ရိပေါ် သတိရသွားသည်က ရှောင်ကျန့် ကို အတင်း အကြပ် မလုပ်ရန် ဆရာဝန်မှာထားသည့် စကား...
ရိပေါ် ရှောင်ကျန့်ကို ဖက်ထားသည့် လက်အစုံက ပြေ လျော့ သွားတော့ ရှောင်ကျန့် ရိပေါ် ကိုယ် ကို တွန်းထုတ်လိုက်သည်။
ရှောင်ကျန့် တွန်းလိုက်တော့ ရိပေါ် ကိုယ် အနောက်သို့ ရောက်သွားသည်။ ရှောင်ကျန့် ထွက်မသွားဖို့ ကို တော့ ရိပေါ် ဒူးထောက် တောင်းပန်နေမိသည်။
"ခင်များ ကိုလေ မုန်း လွန်းလို့...ထပ်မမြင်ချင်လွန်း လို့..ဆက် မပက်ချင် လွန်းလို့.. ကျွန်တော် ကို လွှတ်မြောက်ခွင့်ပေးပါတော့..."
YOU ARE READING
PLEASE , STAY WITH ME (BJYX , COMPLETE)
Romance⚠ Mature Scenes and M-preg Contents ⚠ Unicode and Zawgyi Code available I Don't own the ART that im using as a Cover of my fic , so I give respectfully CREDIT to Artist..( Source: Pinterest)