EP26

11.7K 943 18
                                    

ရှောင်ကျန့် တစ်နေ့ လုံး ကုတင် ပေါ် မှာသာငူငူငိုင်ငိုင် ထိုင်နေသည်။ အတွေးများ စွာက သူ့ နှလုံး ကို နာကျင်စေ ပြန်သည်။

အချစ်က ဘက်လိုက်တယ်...ပို ချစ်တဲ့ သူကို ပိုနာကျင်စေတယ်.... အဲ့တော့ ပို ချစ်မိ တဲ့ ကျွန်တော် က ပို နာကျင်ရတာ အဆန်း တော့မဟုတ်...

ကိုကိုက ဆူး ဆို ကျွန်တော်က ဆူးမှန်း သိလျှက် ဖက်တွယ်နေတဲ့ သူပေါ့... နာကျင်နေမှန်းသိပေမယ့် အချစ်ထုထည် က သာ နှလုံးသားကို ဖုံးသွားတော့ ဒီဆူးကိုလည်း မဖယ်ရှောင်နိုင်...

ပြတင်းပေါက်လေးကို ကျော်ကာ ငေး ကြည့်လိုက်သည်။ ကောင်းကင်ပြာပြာ ကို လှမ်းမေး မိသည်။ နာကျင်မှု ကနေ လွှတ်မြောက်နိုင်မည့် နည်းလမ်း ဆိုတာ တကယ်ရော ရှိရဲ့လား.....

"ကျန့်ကျန့်လေး..."

ကိုကိုက ကျွန်တော် ဆံပင်ကို ခပ်ဖွဖွ လေး ပွတ်သပ်ရင်း ဘေးတွင် ကပ်ထိုင်လိုက်သည်။ ကိုကို အနား ရောက်လာတော့ ကျွန်တော် က ဘေး ကို တိုးလိုက် မိသည်။ သက်ပြင်း ဖွဖွ လေး မှုတ်ထုတ်လိုက်ရင်း ကိုကို့နှင့် ဆန်ကျင် ဘက်ကို လှည့်လိုက်သည်။

ရိပေါ် ရှောင်ကျန့် အနားမှ ချက်ချင်း ထလိုက်သည်။
ရိပေါ်ကို ဆရာဝန်က ပြောသည်။ ဒီလို အခြေ အနေကို ကြုံ ခဲ့ရတဲ့ ရှောင်ကျန့် က အနည်းနည်းအများ စိတ်ထိခိုက် သွား နိုင်သည်။ဒါကြောင့် ရှောင်ကျန့် မကြိုက်တာသည့် အရာများကို အတင်းအကြပ်မလုပ်ရန် မှာလိုက်သည်။

ရိပေါ် ရှောင်ကျန့် အပေါ် အတတ်နိုင်ဆုံး နား လည်ပေးရန် ဆုံးဖြတ် ထားသည်။ အခုလည်း ကျန့်ကျန့်က အေးဆေး နေချင်သည် ထင်ပါရဲ့.....

"ကျွန်တော့်ကို ဘာပြောစရာ ရှိလို့လဲ..."

လေသံခပ်ဖျော့ဖျော့ ဖြင့် ရှောင်ကျန့်က မေးသည်။

"သက် သာ ရဲ့ လား..."

စိုးရိမ်တကြီးမေးသည့် ရိပေါ်ကို ကြည့်ရင်း ရှောင်ကျန့် ပြုံးလိုက်သည်။

ဒါကြောင့်လည်း ကိုကိုက မင်းသား တစ်ယောက် ဖြစ်နေတာ ထင်သည်။ ဟန်ဆောင် ပန်ဆောင် စိတ်ပူ ပြနေသည့် ကိုကို့ ပုံစံကို ကြည့်ကာ ကျွန်တော်လည်း ဟန်ဆောင်ပန်ဆောင်လေး တော့ ပြုံးပြ လိုက်ပါရဲ့....

PLEASE , STAY WITH ME (BJYX , COMPLETE)Where stories live. Discover now