"အဖေ့ကိုတောင် ရှာမတွေ့တဲ့ဟာ
ခင်ဗျားတို့ အကြွေးကို ငါ ဘယ်လို ပြန်ဆပ်နိုင်မလဲ။"Luhan ရဲ့ အသံက အဆောက်အဦးပျက်ထဲ
ဟိန်းကနဲ မြည်သွားသည်။"သေးသေးလေးနဲ့ ငါတို့ကို ခံပြောနေသေးတယ်။"
နှုတ်ခမ်းမွှေးကားကားနဲ့လူက လက်ကို မြှောက်ပြီး
ရိုက်ဖို့ ချိန်လာတာကြောင့်
သူ မျက်လုံးတွေကို မှိတ်ချမိလိုက်သည်။"ရပ်စမ်း။"
သြဇာအပြည့်နဲ့ အသံတစ်ခုကြောင့် သူပျော်သွားသည်။
ဒရမ်မာထဲကလို သူရဲကောင်းပေါ်လာပြီဟု
တွေးမိသွားသောကြောင့်ပင်။ထို့နောက် လာကူညီတဲ့လူကို Luhan လှမ်းချောင်းကြည့်မိလိုက်သည်။
"Oh Sehun??"
"မင်း ဘယ်ကကောင်လဲ
ငါတို့အလုပ်ကို ဝင်မနှောက်နဲ့။"အစက Luhan အနားမှာ ဝန်းရံနေကြသည့်
အမဲဖျက်မလို ကြောက်လန့်ရွံရှာစရာလူတွေက
အခုတော့ Oh Sehun ကို ပြောင်းလဲ ဝန်းရံနေကြပြီ။"စိတ်မမှန်တဲ့ ကလေးတစ်ယောက်ကို
အနိုင်ကျင့်နေတာ ရပ်ကြည့်မနေနိုင်လို့ကွ။"ဘာပြောလိုက်တယ်?
"ဒီမှာ ခင်ဗျား ဘာစကားပြောတာလဲ။"
Luhan က မနေနိုင်တော့ဘဲ စွာကနဲ အော်လိုက်သည်။
သို့တိုင်အောင် Sehun က အဖက်မလုပ်ဘဲ
လူမိုက်တွေနဲ့ မျက်နှာချင်းဆိုင်ကာ ရင်ချင်းအပ်လုနီးပါး။သတိကပ်သွားသည့်နောက် ခွေခွေကလေး ထိုင်နေမိရာက
Luhan ကုန်းရုန်းထလိုက်သည်။
ထို့နောက် ဖြည်းဖြည်းချင်း လျှောက်ကာ
အဆောက်အဦးပျက်ကြီးရဲ့ တံခါးမကြီးဆီ
ဦးတည်လိုက်သည်။Oh Sehun ကိုပဲ အမဲဖျက်ဖို့ ချောင်းနေသည့်
လူမိုက်တွေက Luhan ထွက်ပြေးတာကို မမြင်လိုက်ပါ။"ဟူး...."
အနည်းငယ်ဝေးတဲ့နေရာရောက်တော့မှ
ထွက်ပြေးခဲ့တဲ့ နေရာဆီသို့ တစ်ချက်ပြန်ကြည့်လိုက်သည်။"ဦးလေးကြီး Sehun က အားသန်တော့
ဟိုလူတွေကို နိုင်အောင် ချနိုင်မှာပါ။"