"Luhan ရော...."
အိမ်ပြန်ရောက်သည့် အချိန်တွင် Luhan ကို
အရင်လိုမမြင်ရတာမလို့ ကောင်မလေးတစ်ယောက်ကို
Sehun မေးလိုက်သည်။"ခုနကတော့ ခြံထဲဆင်းသွားပါတယ် သခင်လေး။"
သူလည်း အပေါ်ထပ်သို့ တက်လာလိုက်ပြီး
အဝတ်လဲပြီးသည်နှင့် ဝရံတာကို ထွက်လို့
အပေါ်မှ ဆီး၍ ကြည့်ကာ ဖြူ လွှလွှ အရိပ်ကလေးကို
ရှာဖွေမိပေမယ့် မတွေ့ရ။ခြံအရှေ့ဘက်မှာတော့ မရှိဘူးထင်ပါရဲ့။
တစ်ဖက်က ကွေ့ပတ်လျှောက်ကာ
အိမ်အနောက်ဖက်ခြမ်းကို မြင်ရမည့်
ဝရံတာအစွန်းဆီ သွားလိုက်မှပဲ
ပန်းပင်တွေ ပန်းခြုံတွေကြားရောက်နေသော Luhan ကို
မြင်သည်။ရေပိုက်ဆွဲကာ ပန်းရေလောင်းနေသည့် ဦးလေးဂင်ရဲ့
ခပ်လှမ်းလှမ်းနေရာမှာ Luhan က
ပန်းပွင့်တွေကို ငုံ့နမ်းလိုက် စကားလှမ်းပြောလိုက်နဲ့
အလုပ်များလို့နေသည်။"ဦးလေး...ဒီပန်းတွေကို မရောင်းစားဘူးလားဟင်။"
Luhan က နှင်းဆီနီအပွင့်ကြီးကြီးကို ငုံ့မွှေးရင်း
မေးလိုက်မိသည်။"မရောင်းပါဘူး Luhan ရာ။
သခင်လေးက ခူးရင်တောင် မကြိုက်ဘူး။""ဟင်....ဘာဖြစ်လို့လဲ။"
တစ်ခြားအပွင့်တွေကပါ Luhan အာရုံကို
ဖမ်းစားနေပြန်သည်။"အဲ့ဒါတော့ မသိဘူးလေ။
ပန်းတွေက ဒီတိုင်းပဲ ပွင့်လာလိုက် ကြွေသွားလိုက်ပဲ။
ငါ့အလုပ်က ပန်းပင်တွေကို စောင့်ရှောက်ဖို့။"Luhan က ခေါင်းလေးတဆတ်ဆတ်ညိတ်ရင်း
အိမ်ကြီးဆီသို့ လှမ်းကြည့်မိသည်။ဒီလောက် ချမ်းသာနေမှတော့လည်း
ပန်းရောင်းလို့ရတဲ့ အဖိုးအခကို သူဘယ်လိုမက်မှာလဲနော်။ထို့နောက် ပန်းပင်တွေအပေါ် ဖျန်းခြွေကျနေသည့်
ရေစက်ကလေးတွေကို ငေးနေမိပါသည်။"Luhan ရေ....ခဏ နေရစ်ဦး။
ငါ ရေအိမ်သွားလိုက်ဦးမယ်။""ဟုတ်ကဲ့ ...."
ဦးလေးဂင်က ရေပိုက်ကို ချထားခဲ့ကာ
ဝန်ထမ်း အိမ်ယာဘက်သို့ ခပ်သုတ်သုတ်ထွက်သွားသည်။