Chapter 22

6.7K 1K 58
                                    

"ညက အိပ်ထားရဲ့သားနဲ့ ဘာလို့ ထပ်အိပ်ချင်နေလဲကို
မသိပါဘူး။"

Luhan က အသံခပ်အစ်အစ်ကလေးနဲ့ပြောပြီး
Sehun လက်မောင်းကို တွယ်ချိတ်လိုက်တယ်။
ကားထဲမှာ အတူတူကပ်ထိုင်ရတာကိုတောင်
ဝေးနေတယ်လို့ ထင်နေတာကြောင့်ပင်။

"ဦးလေးကြီးကို မှီမယ်နော်။နာလောက်မလားဟင်။"

"မနာပါဘူး ..... ကလေးမှီတာပဲဟာကို။"

Sehun က ပြုံးကာ ပြောရင်း Luhan ရဲ့ ခေါင်းလေးကို
သူ့ပခုံးထက် ယူတင်ပေးလိုက်၏။

Luhan က မျက်နှာလေး ဝင်းပသွားပြီး
ပခုံးကို မှီထားရက်ကနေ Sehun မျက်နှာကို
မော့ငေးပြန်သည်။

ချောလိုက်တာ....ဟီး။

"မီးမီးကို ညနေကျရင် သွားခေါ်မှာလား။"

Luhan ဘက်ကို အသာကလေး လှည့်မေးလာတော့
Sehun မျက်နှာက Luhan နဲ့ အတော်နီးသွားတယ်။

kiss><

Sehun ရဲ့ ပါးရိုးစောင်းကို မှီသလောက်လေး
Luhan လှမ်းနမ်းလိုက်တယ်။

တအံ့အသြဖြစ်သွားတဲ့ Sehun အကြည့်တွေကို
ရှောင်ရှားတဲ့အနေနဲ့ Luhan က သူ့မျက်နှာကို
လက်ဖဝါးနဲ့အုပ်ကွယ်ပစ်လိုက်တယ်။

"မကြည့်နဲ့...သွား....."

"ဘာဖြစ်လို့လဲ...."

ပြုံးစိစိမေးလာတဲ့ Sehun က တမင်အကျပ်ရိုက်အောင်
လုပ်နေတာ။

"ရှက်လို့ပေါ့....."

မျက်နှာရှေ့ကွယ်ထားတဲ့ Luhan လက်ကလေးကို
Sehun က အသာဆွဲယူတယ်။

ဘာဖြစ်လို့ ရှက်တာလဲလို့ ထပ်မေးရင်
Luhan က ဦးလေးကြီး ပါးကို ဖက်ကိုက်ပစ်မှာလို့လည်း
စိတ်ထဲ တေးထားသေးတယ်။

"ဘာဖြစ်လို့ ချစ်စရာကောင်းပြနေတာလဲ။"

"ဦးလေးကြီးကို ကြိုက်လို့ပေါ့။"

Luhan က သူ့ဟာသူဖြေပြီး သူ့ဟာသူ သဘောကျနေတယ်

နှစ်ကိုယ်ခွဲလို့ရရင် နှစ်ကိုယ်လုံးနဲ့ ဦးလေးကြီးကို
ယူပစ်မှာ။

တွေးလေ ပျော်လေပဲ။

ဒီလူကို ပိုင်ရတော့မှာပါလားဆိုပြီး
ပီတိတွေက လှိမ့်ကနဲ လှိမ့်ကနဲ။

Tell Me More Lies [Completed]Where stories live. Discover now