"အဒေါ်ကြီး....သူရော။"
"ခုနက ဓာတ်ပုံတွေရောက်လာတော့ ယူပြီး
အပေါ်တက်သွားတယ် သခင်လေး။
သခင်လေး ဒီနေ့ ပြန်လာတာ စောတာလား။"Sehun က အပေါ်ထပ်ကို တစ်ချက်လှမ်းကြည့်လို့
ဆိုဖာပေါ်ထိုင်လိုက်ပြီး"ဟုတ်တယ်...အဒေါ်ကြီး။
ဒီမှာ ထိုင်ပါဦး...ကျွန်တော် မေးစရာလေးရှိလို့။""ဟုတ်ကဲ့။"
"အရင် ၃ရက်လောက်က Nam Jim လာသွားသေးလား။"
"ဟုတ်ကဲ့...လာသွားတယ် သခင်လေး။
ကျွန်မ ပြန်ပြောပြဖို့ မေ့သွားတာ။
Luhan နဲ့ တွေ့ဖို့ လာတာတဲ့။""အင်း.....ကျွန်တော် ဒီနေ့မှ အဲ့အကြောင်း ပြန်ကြားတယ်။
သူတို့ ဘာတွေပြောကြလဲသိလား အဒေါ်ကြီး။""အဲ့ဒါတော့ ကျွန်မ မသိဘူး သခင်လေး။
ပုံစံကြည့်ရတာတော့ Luhan ဆီက
ပိုက်ဆံချေးတာမျိုးထင်တယ်။
ကောင်မလေး တစ်စွန်းတစ်စ ကြားလာတာ။
ကျွန်မ အဲ့ကလေးမကို ထပ်မေးပေးရမလား သခင်လေး။""နေပါ...နေတော့...ဒီလောက်ဆို ရပါပြီ။
ကျွန်တော်က သူ့ကို
ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာမျိုးတွေရှိမှာကိုပဲ စိုးတာ။""အဲ့လိုတော့ မရှိပါဘူး သခင်လေး။
လှမ်းမြင်ရသလောက်တော့ အဲ့လိုပုံစံမဟုတ်ဘူး။
Luhan ပိုက်ဆံပေးလိုက်တာလည်း မတွေ့ဘူး။""အင်း...တော်သေးတာပေါ့။
ဟိုဘက်က အမျိုးသမီး ပြန်ပြောတာကတော့
Nam Jim က ဆိုင်ကယ်ဆီပြတ်လို့
Luhan ဆီ အကူအညီဝင်တောင်းတာကို
Luhan က အထက်ဆီးက ပြောလွှတ်လိုက်တယ်တဲ့။""ဟာ .....ဒါက သက်သက်ကြီး ယုတ်မာပြီး ပြောတာ။
Luhan က ဒီလိုလုပ်ပါ့မလား
သူ့သားကသာ တမင် ရိုင်းစိုင်း...."မခံမရပ်နိုင်ဖြစ်စွာ အားပါးတရ ဆိုနေရင်းမှ
အဒေါ်ကြီးက ပါးစပ်ကို လက်နဲ့ပိတ်လိုက်ကာ
ငြိမ်ကျသွားသည်။"ဟို...သခင်လေးတူနဲ့မရီးကို အဲ့လိုပြောတာမဟုတ်..."
"ရပါတယ်....ကျွန်တော်နားလည်ပါတယ်။
အဒေါ်ကြီးလည်း အကြောင်းသိပဲဟာကို။""ဟုတ်ကဲ့...."
"ကျွန်တော် မှာထားပါရစေ။
အဲ့ဘက်က တစ်ယောက်ယောက်လာရင်
Luhan နဲ့ သီးသန့်မတွေ့ပါစေနဲ့။
အဒေါ်ကြီးက ဘေးမှာ တစ်နည်းနည်းနဲ့ရှိနေပေးပါ။"