ထမင်းစားခန်းထဲ တရွေ့ရွေ့ဝင်လာသော Luhan ကို
Sehun က ပြုံးပြလိုက်ကာ
ထိုင်ခုံကို နောက်ရွှေ့ပေးပြီး ဝင်ထိုင်စေသည်။"မနက်စာကို ထမင်းပဲစားလို့ မရဘူးလား...."
"ဟင်....."
နှာခေါင်းကို လက်နဲ့ပွတ်ကာ ဗလုံးဗထွေးပြောလိုက်တာမလို့ Sehun သိပ်နားမလည်လိုက်ပေ။
"ထမင်းပဲ စားမယ်လို့ ....RICE...."
"အာ.....ရတယ်လေ...
အဒေါ်ကြီး....ထမင်းပြင်ပေးပါဦး။""ကိုကို ပြင်ပေး....."
ခပ်သွက်သွက်ပြောလာတာမလို့ Sehun က
အဒေါ်ကြီးကို လက်ကာပြလိုက်ပြီး
အမြန်အဆန်ထကာ ထမင်းခူးပေးရတော့သည်။ဒီနေ့က Monday မလို့ Luhan စိတ်ကလေးမကြည်ချင်ပါ။
ဝမ်းဗိုက်ထဲ မှ ၇ လ သားအရွယ် ဘေဘီလေးရဲ့ ဖခင်
ကလေးကြီးဟာ အခုဆိုရင် ပိုလို့ ဆိုးသွမ်း အကဲပိုလာကာ
Sehun ကို အရမ်း ကပ်တွယ်တတ်လာသည်လေ။Sehun ဟာ တစ်ပတ်မှာ ၃ ရက်ပဲ ရုံးတက်သော်လည်း
Luhan က သိပ်မလွှတ်ချင်ပါ။
သူရုံးတက်ရမယ့်နေ့တွေဆိုရင်
အမျိုးမျိုးအကြောင်းပြကာ
နောက်ကျအောင်လုပ်သည်။ ဂျီကျသည်။စူပုပ်သည်။Sehun မှာ အဆိုးအဆာလေးကို အလိုလိုက်ချင်သော်ငြား
အလုပ်ကလည်း လုံးလုံးလျားလျားလွှတ်ထား၍ မရတာမို့
မတတ်နိုင်ဖြစ်နေရသည်။အရင်တစ်ပတ်ကပဲ သူတို့ပူးပေါင်းဖို့ကြံရွယ်ထားသော
ကုန်ကြမ်းစက်ရုံက သူများနဲ့လက်တွဲသွားပြီလေ။"တစ်ခြားဟင်းမရှိဘူးလား...."
တစ်ခွက်ပြီးတစ်ခွက်ချပေးလိုက်သော ဟင်းခွက်တွေကို
Luhan စိတ်တိုင်းမကျ စွာကြည့်သည်။"ဘာစားချင်လို့လဲ ကလေးက...."
"ကြက်ဥကြော်....."
"အင်း....ရမယ်.....အဒေါ်ကြီး...."
"ကိုကိုကြော်ပေး..."
Sehun မှာ Ok ဟုဆိုကာ
အေပရွန်ကောက်ဝတ်လိုက်ရသည်။"အနှစ်တွေကို မကျက်စေနဲ့နော်..."
Luhan က Sehun စားလက်စ ပေါင်မုန့်မီးကင်ကို
ယူစားရင်း မှာသည်။