"ထိခိုက်သွားတဲ့ အလုပ်သမားရဲ့ မိသားစုဝင်နဲ့
ကျွန်တော် တွေ့ချင်တယ်။""ဟုတ်ကဲ့ပါ CEO ...ညနေကျ သွားတွေ့လို့ရအောင်
စီစဉ်ပေးပါ့မယ်။"စက်ရုံမှူးနဲ့ စကားပြောပြီးသည်နှင့်
နေရာက ထွက်ခွာလိုက်ကာ ကားရပ်ထားသည့်နေရာဆီ
သူလှမ်းကြည့်မိသည်။Luhan က ကားရပ်ထားသည့် သစ်ပင်အနားမှာ
အရိပ်ခိုနေလျက် မြေကြီးပေါ်မှာ တုတ်တစ်ချောင်းဖြင့်
ဟိုခြစ် ဒီဆွဲလုပ်နေသည်။လုံခြုံရေးဦးထုပ်ကို သူချွတ်လိုက်ကာ
အနားသို့ သွားလိုက်သည်။"ဗိုက်ဆာနေပြီလား။"
နေရိပ်အောက်မှာ ဖိနပ်ချွတ်ပြီး ဖိနပ်ကို ဖင်ခုထိုင်ကာ
မြေကြီးပေါ် အရုပ်တွေ ဆွဲနေရာက
Luhan မော့ကြည့်လိုက်သည်။နေပူထဲမှ ဖြတ်လာရတာမလို့ Sehun မျက်နှာမှာ
ချွေးစက်တွေသီးနေကာ ဆံပင်တွေဆိုလျှင်လည်း
ချွေးတွေစိုနေပြီး အချောင်းလိုက် ကျနေပါ၏။လက်မောင်းတွေ ရင်ဘတ်နားတွေမှာဆိုရင်လည်း
ချွေးတွေ နစ်နေအောင် ရွှဲနေသေးသည်။Luhan က တုတ်ချောင်းကိုပစ်ချကာ မတ်တပ်ရပ်လိုက်ပြီး
ဖင်နေရာကို လက်နဲ့ ပုတ်ခတ် ဖုန်ခါရင်း
ဖိနပ်ကို ပြန်စွပ်သည်။"အင်း...ဆာနေပြီ။"
Sehun က Luhan ခေါင်းလေးကို လက်ဖဝါးနဲ့ အုပ်လို့
လှုပ်ခတ်သည်။"နေ့လည်စာ လိုက်ကျွေးပြီးရင်
ကားငှားတင်ပေးလိုက်မယ်။အိမ်ပြန်တော့။""ဟင်...ဦးလေးကြီးကရော..."
"ငါက ချိန်းထားတာ ရှိသေးတယ်။"
Sehun က ကားပေါ်တက်လိုက်သည်မလို့
Luhan ကလည်း အတူလိုက်လို့တက်။"ဦးလေးကြီးနဲ့ အတူလာတာပဲဟာကို အတူပြန်မှာပေါ့။"
"အတူမလာပါဘူး။
မင်းဟာမင်း ဇွတ်လိုက်လာတာ။"Luhan က Sehun ကို မျက်စောင်းရွယ်လိုက်သည်။
အဲ့ဦးလေးကြီးက နည်းနည်းမှကို စကားအမှားမခံပါလား။ဘယ်လိုပဲ Luhan က
အတင်းကုပ်ဖဲ့ ဇွတ်လိုက်လာတယ်ဆိုဦးတော့
ဒီလို စကားအဖြစ် ပြောတဲ့ကိစ္စမှာတောင်
ချက်ချင်းကြီး ထငြင်းစရာလား။