"ဦးလေးကြီးက မနက်စာစားတာတောင်
ကျွန်တော့်ကို မစောင့်ဘူး။"Luhan က ထိုင်ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ကာ
Sehun ရဲ့ မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်သည်။Sehun က သူ့ဘာသူ ကော်ဖီသောက်လိုက်၊
်မုန့်စားလိုက်နဲ့ အလုပ်များနေပြီး
Luhan ကို မြင်သည့်ပုံပင်မပေါ်ပါချေ။ဒါကို Luhan စောဒက တက်ချင်သေးပေမယ့် မတက်ဖြစ်။
အဒေါ်ကြီးထည့်ပေးလာတဲ့ ကော်ဖီခွက်ကိုပဲ
ဆွဲယူမော့သောက်လိုက်သည်။ထို့နောက် လေးထောင့်ပုံစံ ကိတ်တုံးလေးတွေကို
ခက်ရင်းနဲ့ထိုးရင်း Luhan ပါးစပ်ထဲ အမြန်ထိုးသွပ်ရသည်။ဟုတ်သည်။
သူဗိုက်ဆာနေပြီ။"နေ့လည်ကျ အပြင်သွားရမယ်။"
Sehun ရဲ့ အေးစက်တဲ့လေသံကြောင့်
Luhan သောက်နေသည့် ကော်ဖီခွက်ကလေး
ရေခဲရိုက်မိသွားပြီဟုတောင် ထင်ရသည်။"ဖုန်းလိုက်ဝယ်ပေးမလို့လားဟင်။"
Luhan က ဖင်နည်းနည်းကြွကာ
ထိုင်နေသည့် ခုံကို စားပွဲထိပ်က Sehun ဆီသို့
အသာတိုးရွှေ့လိုက်ရင်း ပြောသည်။"ဗိုက်အခြေအနေရော ဘယ်လိုလဲ။"
အဖြေကို မျှော်လင့်နေပေမယ့်
တန်ပြန်မေးခွန်းထုတ်လာပြန်သည့် Sehun ကြောင့်
Luhan ခဏတော့ အူတူတူလေး ဖြစ်သွားသည်။ထို့နောက် ယောင်ယမ်းလို့ ဗိုက်ကလေးကို
လက်နဲ့ပွတ်လိုက်ပြီး ညက အိမ်သာ သုံးခါသွားရတာကို
သတိရသွားမိသည်။"ဒီမနက်တော့ အိမ်သာထပ်မသွားရတော့ပါဘူး။
သက်သာပြီ။"Luhan ရဲ့ အဖြေကို Sehun က မျက်မှောင်ကုပ်သည်။
"ပျို့အန်တာ ဘာညာရော ရှိသေးလား။"
"အို...ဦးလေးကြီးကလည်း ပျို့အန်စရာလား..."
Luhan က ရယ်မောကာ ပြောလိုက်မိပြီးမှ
Sehun ရဲ့ မျက်နှာတင်းတင်းကို မြင်မှ လေသံကို
တမင်လျှော့ချပစ်လိုက်ပြီး"ဟို...အခုထိတော့ မအန်သေးဘူး...လို့။"
Luhan က ဖြေပြီးတာနဲ့ ဘီစကစ်တွေကို ယူစားသည်။