Chapter 12

6.9K 1.1K 88
                                    

"ဟွန့်...."

သူ့ဟာသူ ထိုင်နေသည့် Sehun ကို မြင်တော့
Luhan က အမြင်ကပ်ကြည့်မရလွန်းတာမလို့
မျက်စောင်းထိုးပစ်လိုက်ပါသည်။

မနေ့ကအဖြစ်ကို ပြန်စဉ်းစားမိတိုင်း Luhan က
ကိုယ့်ကိုယ်ကို အားမလိုအားမရတွေဖြစ်ပြီး
ရှက်သလိုပင် ခံစားနေရတာမလို့ အဲ့ဒါတွေအတွက်
Sehun ကိုပဲ အပြစ်တွေပုံချလို့ အမြင်ကပ်နေခြင်းပါလေ။

Sehun သာ စကားကို ရှင်းအောင် ပြောခဲ့လျှင်
Luhan တစ်ယောက်က အထင်တွေမှားပြီး
ဟိုပြော ဒီပြောတွေလုပ်ခဲ့မိမှာ မဟုတ်ဘူးလေ။

အခုတော့ ဘာတဲ့။
Sehun က Luhan တင်ပါးလေးတွေကို ကိုင်ကြည့်ပြီးမှပဲ
ကြိုက်မိတော့မယ်တဲ့။

အလကား...အသားယူတဲ့ လူကြီး။

"ဘယ်လဲ အဲ့ဒါ။"

Sehun က သတင်းစာ ဖတ်နေရာက လှမ်းကြည့်လို့
ထပ်မံမေးခွန်းထုတ်သည်။

Luhan က ဆောင်းထားတဲ့ ဦးထုပ်လေးကို
နည်းနည်းပြင်ဆောင်းလိုက်ပြီး
Sehun ထိုင်နေသည့်အနားသို့ ဖြည်းဖြည်းချင်း
လျှောက်လာသည်။

"သွားစရာရှိလို့..."

"ဘယ်သွားမှာလဲ။"

Sehun က သတင်းစာဆီပဲ
သူ့အကြည့်တွေကို ပြန်ပို့ထားပြန်၏။

ဒါက Luhan ကို အနည်းငယ် ဝမ်းနည်းစေသည်။

Sehun က Luhan ကို မကြိုက်ဘူး။
ဘယ်တော့မှလည်း ကြိုက်လာမှာမဟုတ်ဘူး။
ဒီအကြောင်းအရာကို အမူအရာနဲ့ ပြနေသည်ဟု
Luhan ထင်မိသည်။

မနေ့ကလို Luhan အထင်လွဲမှာ စိုးလို့ပေါ့။

ဒီလိုတွေးမိတော့ Luhan မှာ စိတ်မကောင်းဖြစ်ရာက
Sehun ကိုပဲ စိတ်ဆိုးမိရသည်။

မနေ့ကတော့.....ဘာတဲ့။
ကြိုက်လို့မရဘူးလား ကြိုက်ခပေးရဦးမှာလားတဲ့။

Luhan အထင်လွဲအောင် တမင်ကြီး မလွတ်မကင်းတွေ
ဆိုလိုက်ကာ Luhan ပြောသမျှ ပေါက်ကရတွေကိုကျတော့
Sehun က နားထောင်ပြီး
စိတ်ထဲက လှောင်နေတာနေမှာပေါ့။

"ဘယ်သွားမှာလဲလို့....။"

သတင်းစာကို ချထားလိုက်ကာ Luhan ဆီကြည့်လို့
Sehun က ထပ်မေးလာတာကြောင့်
ပေစောင်းကြည့်နေမိသည့်  အကြည့်တွေကို
Luhan ပြန်ရုတ်သိမ်းလိုက်ရသည်။

Tell Me More Lies [Completed]Where stories live. Discover now