Chapter 30

5.9K 904 35
                                    

"ဒါဘယ်သူမလို့ ကိုကိုက Phone wallpaper တောင်
ထားရတာလဲ။"

ခြေစုံရပ်လို့ မေးလာသည့် Luhan က
မျက်ရည်တွေဝဲတက်လို့ နှုတ်ခမ်းလေးတွေ တုန်ယင်နေ၏

အဒေါ်ကြီးနဲ့အတူ ကောင်မလေးတွေ အိမ်ထဲကနေ
ခပ်သက်သွက် ထွက်သွားကြပြီးမှ Sehun က
Luhan အနားသို့ တိုးသွားလိုက်သည်။

"အဲ့ဒါ ဘယ်သူ့ဖုန်းလဲ?ဘယ်ကရတာလဲ။"

"ဘာ??
ကိုကို အရူးကွက်လာမနင်းနဲ့နော်။
ကိုယ့်ဖုန်းကိုယ် မမှတ်မိဘူးလား။"

Sehun က တကယ်ပဲ မသိပုံပေါ်နေကာ
ခပ်ဆဆတွေးနေရင်း

"ကိုယ့်ဖုန်းက ဒီမှာလေ။ကိုယ့်ဆီမှာ ရှိတယ်။"

Sehun က ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ပြလိုက်၏။
သည်တော့မှ Sehun ရဲ့ ဖုန်းနဲ့
ကားပေါ်က Luhan ရလာသည့် ဖုန်းနဲ့က model အတူတူ
ဖြစ်နေမှန်း Luhan သိလေတော့သည်။

"ဒါဆို...ဒီဖုန်းက ကျွန်တော်မသိအောင် သုံးနေတဲ့ဖုန်းပေါ့။
ဒီပုံကဘာလဲ။ဒီပုံက ကိုကိုအပျော်တွဲနေတဲ့ မိန်းမပုံလား။
ကျွန်တော်မသိဘဲ ဆက်သွယ်လို့ရအောင်
တမင် ဖုန်းအသစ်နဲ့...."

"ဟေး....ကလေး.....ဘယ်လိုတွေ အဓိပ္ပါယ်မရှိ
လျှောက်ပြောနေတာလဲ။"

Sehun က Luhan ပခုံးလေးတွေကို ဆုပ်ကိုင်လိုက်၏။

"ဖယ်....လာမထိနဲ့။
သွား...သစ္စာမရှိတဲ့လူတွေနဲ့ မပတ်သက်ချင်ဘူး။"

Sehun လက်တွေကို ပုတ်ထုတ်လိုက်ကာ
Luhan က ထပ်စွပ်စွဲလာပြန်သည်။

"မဟုတ်ဘူး...ကလေးအထင်လွဲနေတာ။
နေဦး....ကိုယ်တွေးကြည့်ဦးမယ်။
ဒီဖုန်း ဘယ်လိုရောက်နေတယ်ဆိုတာ....."

"ဘာမှမတွေးကြည့်နဲ့။
ခင်ဗျား တမင် ဖွက်ပြီး သုံးနေတယ်လို့ ဝန်ခံလိုက်စမ်းပါ။"

"ကလေး!!"

Sehun က အမည်ကို အော်ခေါ်လိုက်ရင်
ရုန်းခါ အော်ဟစ်နေတဲ့ Luhan က အလန့်တကြား
ငြိမ်ကျသွားသည်။

Sehun က သက်ပြင်းရှိုက်လိုက်ပြီး
စိတ်ကိုငြိမ်အောင် အရင်ထိန်းရ၏။
ထို့နောက် Luhan လက်မောင်းလေးတွေကို
ပြန်ဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်လိုက်သည်။

Tell Me More Lies [Completed]Where stories live. Discover now