Chapter 10

7.1K 1K 160
                                    

"ဦးလေးကြီး....ဖုန်းလာနေတယ်။"

Luhan က Sehun မေ့ကျန်ခဲ့သည့် ဖုန်းကို
ယူလာပေးကာ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။

Sehun က ဖုန်း လက်ခံပြောပြီးပြီးသည်နှင့်
စားပွဲပေါ်မှာ ခေါင်းကလေးမှေးတင်နေသည့်
Luhan အနားသို့ တိုးသွားသည်။

"နေမကောင်းတာကို ဘာလို့ ထွက်လာတာလဲ။"

အုပ်ကျနေတဲ့ ဆံစလေးတွေကို အသာဖယ်ရှားလို့
နဖူးထက်သို့ လက်ဖဝါးဖြင့် စမ်းကြည့်သည်။

"အိမ်ထဲမှာ ပျင်းတာကိုး...လို့။"

Luhan တစ်ယောက် အိပ်ယာထဲ ခွေမနေနိုင်တော့ဘဲ
လိုက်လာရခြင်းဖြစ်ပါသည်။

ပထမကတော့  Luhan က Sehun ကို ရှာဖို့
စာကြည့်ခန်းထဲသွားတာဖြစ်သည်။
အဲ့ဒီမှာမှ ဖုန်းမြည်နေတာနဲ့တိုးပြီး 
Sehun အလုပ်လုပ်နေသည့် အိမ်နောက်ဖက်ခြမ်းက
ဒီဧည့်ရိပ်သာထဲမှာထိ ရောက်လလာတာပင်။

"ဆေးသောက်ထားလား။"

Sehun က နေရာမှာ ပြန်ထိုင်ကာ Laptop ကို
တတောက်တောက်နှိပ်နေသည်။

"အွန်း...သောက်ပြီး..."

"Luhan က ဒီမှာကိုး။"

ပန်းကန်လုံးတစ်လုံး သယ်ယူလာသည့်
အဒေါ်ကြီးကြောင့် လိမ်ပြောတော့မည့်
Luhan ပါးစပ်လေး ပိတ်လိုက်ရသည်။

"ဒီမှာ....ဆန်ပြုတ်လေး လုပ်ပေးထားတာ သောက်ပြီး
ဆေးသောက်လိုက်ဦး။"

Luhan ရဲ့ မျက်နှာကလေးက ရှုံ့တွသွားပါသည်။

"အဒေါ်ကြီး....
စောင်ပါးပါးလေး တစ်ထည်နဲ့
သူသောက်ရမယ့် ဆေးတွေ ယူလာပေးပါဦး။
သြော်...ကောင်မလေးတစ်ယောက်ကို ခိုင်းနော်။
အဒေါ်ကြီး မလာနဲ့တော့။"

"ဟုတ်ကဲ့...သခင်လေးရော ဘာလိုအပ်သေးလဲ။'

"ကျွန်တော်ကရပြီ။
၁၂ နာရီလောက်ကျမှ နေ့လည်စာစားလိုက်တော့မယ်။"

အဒေါ်ကြီး ထွက်သွားသည်နှင့် Sehun သည် Luhan အား
တစ်ချက်လှမ်းလို့ ကြည့်သည်။

ကော်ဇောထက်မှာ တင်ပျဉ်ခွေထိုင်ကာ
စားပွဲပေါ် ခေါင်းကလေးမှေးတင်ထားသည့်
Luhan ကတော့ မျက်တောင်လေးတွေ စင်းချထား၏။

Tell Me More Lies [Completed]Where stories live. Discover now